လူကာကူက အသင်းအတွက် ၃ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့တဲ့ အတိတ်ဇာတ်လမ်းတွေကို ချေဖျက်ပြနေပြီး အားထားရတဲ့တိုက်စစ်မှူးတစ်ဦးအဖြစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးတိုက်စစ်မှူးသစ်လူကာကူဟာ ဗီလာနဲ့့ပွဲမှာလည်း အသင်းအတွက် ၂ဂိုးသွင်းယူကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ လူကာကူက အသင်းအတွက် ၃ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့တဲ့ အတိတ်ဇာတ်လမ်းတွေကို ချေဖျက်ပြနေပြီး အားထားရတဲ့တိုက်စစ်မှူးတစ်ဦးအဖြစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။
"ကျွန်တော့်အသက် ၁၁ နှစ်ကတည်းက စတန်းဖို့ဘရစ်ချ်မှာ ဂိုးသွင်းဖို့ အိပ်မက်မက်ခဲ့တာပါ၊ ဒီအခိုက်အတန့်အတွက် ကျွန်တော်အမြဲတမ်းကြိုးစားခဲ့ရပါတယ်၊ နိုင်ပွဲအတွက်လည်း ဝမ်းသာမိပြီး ရလဒ်အတွက် ပျော်ရွှင်မိပါတယ်၊ အီတလီမှာဆိုရင်လည်း တစ်ပွဲကို အခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ်လောက် အမြဲတမ်းရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တာပါ၊ လက်ရှိခြေစွမ်းအတွက် ကျေနပ်မိပြီး ဒါကို ဆက်ထိန်းသွားမှာပါ" လို့ လူကာကူက Sky Sports ကို ပြောဆိုခဲ့ပါတယ်။
ပထမဂိုးကို ဘယ်ခြေနဲ့ဟန်ပြပြီးမှ ညာခြေနဲ့ လူကာကူက သွင်းယူခဲ့တာဖြစ်ပါတယ်။ သူ့ကိုဟန့်တားခဲ့သူကတော့ ယူနိုက်တက်အသင်းဖော်ဟောင်း တွန်ဇီဘီဖြစ်ပြီး ဒီသွင်းဂိုးနဲ့ပတ်သက်လို့ လူကာကူက အခုလိုပဲဆိုပါတယ်။ "ပထမဂိုးမှာဆိုရင် ကိုဗာဆစ်ရဲ့အရည်အသွေးကို ကျွန်တော်ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး၊ တကယ်ကောင်းတဲ့ ပေးပို့မှုကို သူ လုပ်ပေးခဲ့တာပါ၊ အရင်က တွန်ဇီဘီနဲ့ ကျွန်တော်အတူတူကစားခဲ့ကြပါတယ်"
"ကျွန်တော်က ဘယ်သန်ဆိုတာ သူသိနေတေ့ာ ကျွန်တော် ညာခြေနဲ့ပြောင်းပြီး ကန်သွင်းယူခဲ့တာပါ" လို့ ဆိုပါတယ်။ အခုအခါမှာတော့ လူကာကူဟာ တူချယ်လ်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေပြီး တီမိုဝါနာကို အရန်ခုံမှာသာ ထိုင်ခိုင်းစေခဲ့ပြီလည်းဖြစ်ပါတယ်။