ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်တော့မှာပါ။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုအတွက်တော့ ဒီနေ့ကစားရမယ့် အာဆင်နယ်နဲ့ပွဲမှာ မှတ်တမ်းသစ်တခုကို ရယူနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ အဲဒါကတော့ ဒီနေ့ပွဲမှာသာ သူ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ မှတ်တမ်းကို စိုက်ထူနိုင်တော့မှာဖြစ်ပြီး ကစားသမားဘ၀မှာ နောက်ထပ်စံချိန်တခုကို ထပ်ဖြည့်တင်းနိုင်မှာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်အတွက် နှစ်ကြိမ်နှစ်ခါကစားပေးပြီးချိန်မှာ ရော်နယ်ဒိုက ပရီးမီးယားလိဂ်သွင်းဂိုး ၉၉ ဂိုးအထိ ရရှိထားခဲ့ပြီးပါပြီ။ ပထမတကြိမ်ကစားခဲ့တုန်းက ၈၄ ဂိုးရခဲ့တဲ့ ရော်နယ်ဒိုက ဒီရာသီမှာ ၁၅ ဂိုးအထိသွင်းယူပေးထားပြီး စုစုပေါင်း ၉၉ ဂိုးဖြစ်ခဲ့တာပါ။ လိဂ်ဂိုး ၁၀၀ ပြည့်ကို ဒီပွဲမှာ သူ သွင်းယူနိုင်မယ့် အချက်အလက်တွေကလည်း ရှိနေပါတယ်။ 

ရော်နယ်ဒိုက အာဆင်နယ်နဲ့ စုစုပေါင်း ၁၆ ပွဲကစားခဲ့ဖူးပြီး ၈ ပွဲနိုင်ကာ ၄ ပွဲသရေကျပြီး ၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီ ၁၆ ပွဲမှာ သူက ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ၂ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး ဂိုးမြူးလေ့ရှိတယ်လို့ ဆိုရမှာပါ။ ဒီရာသီ ပထမအကျော့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ရော်နယ်ဒိုက ၂ ဂိုးသွင်းယူထားတာကလည်း ပူပူနွေးနွေးပဲရှိနေပါသေးတယ်။ 

ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ အမြွာသားယောကျ်ားလေးဆုံးပါးမှုကြောင့် ဝင်မကစားနိုင်ခဲ့ပေမယ့် အခုတော့ သူက အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဒီပွဲကိုပါဝင်လာဖွယ်ရှိပါတယ်။ ယူနိက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့ပွဲမှာ ရန်းဂ်နစ်ခ်က ရော်နယ်ဒိုကို သေချာပေါက်ထည့်သွင်းကစားစေဖွယ်ရှိနေပြီး ရော်နယ်ဒိုက သူ့အတွက် လိဂ်ဂိုး ၁၀၀ ပြည့်သွင်းဂိုးကို ရရှိသွားမလားဆိုတာကတော့..။ 


Share

Loading Next Article...
က္က