ယူနိုက်တက်က ၃-၂ နဲ့ အိမ်ကွင်းမှာ အနိုင်ရသွားခဲ့တာပါ။

ရော်နယ်ဒိုက ၂ဂိုးအထိ သူ့ကို သွင်းယူသွားခဲ့တာမို့ ပေါ်တူဂီတိုက်စစ်မှူးက ဘယ်လိုကစားသမားလဲဆိုတာကို ကောင်းကောင်းသိသွားလောက်ပြီလို့ ယူဆရပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲစဉ်ကတော့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး အငြင်းပွားချင်စရာတွေလည်းရှိခဲ့ကာ ပြီးဆုံးသွားခဲ့ပါပြီ။ ယူနိုက်တက်က အိမ်ကွင်းမှာ ၃-၂ နဲ့ ပွတ်ကာသီကာကပ်အနိုင်ရသွားခဲ့ပြီး ရှုံးပွဲဆက်နေမှုတွေကို အဆုံးသတ်နိုင်ခဲ့သလို ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ ရော်နယ်ဒိုလည်း ၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 



ဒီပွဲမတိုင်ခင်မှာ ရော်နယ်ဒိုရဲ့ ကန်ချက်တွေနဲ့ သူ့ရဲ့လက်စွမ်းအ​ပေါ် အကဲဖြတ်ချင်တယ်လို့ ပြောခဲ့တဲ့ ရမ့်စ်ဒေးလ်တစ်ယောက် ဆန္ဒတွေတော့ ပြည့်၀သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ၂ဂိုးအထိ သူ့ကို သွင်းယူသွားခဲ့တာမို့ ပေါ်တူဂီတိုက်စစ်မှူးက ဘယ်လိုကစားသမားလဲဆိုတာကို ကောင်းကောင်းသိသွားလောက်ပြီလို့ ယူဆရပါတယ်။ 

ဒီရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံးလက်စွမ်းတွေပြနေတဲ့ ရမ့်စ်ဒေးလ်က ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့ ရင်ဆိုင်ခွင့်ရချိန်မှာ သူ့လက်စွမ်းကို စမ်းသပ်ချင်တဲ့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယုံကြည်မှုမြင့်မားနေတဲ့ ရမ့်စ်ဒေးလ်ဟာ ရော်နယ်ဒိုရဲ့ အနီးကပ်ပိတ်သွင်းယူမှု၊ ပင်နယ်တီသွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အသင်းလည်း အရေးနိမ့်ခဲ့ရလို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုကတော့ ကစားသမားဘ၀ သွင်းဂိုး ၈၀၀ ပြည့်စေမယ့် ဂိုးနဲ့ ၈၀၁ ဂိုးမြောက် သွင်းဂိုးကိုပါ ရယူနိုင်ခဲ့ပြီး အသင်းကိုနိုင်ပွဲရအောင်ပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အားလုံးအငြင်းပွားခဲ့ရတဲ့အနေအထာကနေ စမစ်ရိုးက အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဖာနန်ဒက်စ်က ပြန်ချေပခဲ့ပြီး ရော်နယ်ဒိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ပြန်လည်ချေပနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ပဲ အရေးနိမ့်သွားခဲ့တာစြဖ်ပါတယ်။ 

Share

က္က