ဟာလန်းတယောက် ဆေးစစ်နေချိန်မှာ အံ့အားသင့်ခဲ့ရတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့တနင်္လာမှာ မန်စီးတီးနဲ့ ဆေးစစ်မှုခံယူပြီးနောက် အသင်းရဲ့ ကစားသမားအဖြစ် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမားတွေထဲက တယောက်အဖြစ် တပတ်လုပ်ခ ပေါင် (၃၇၅,၀၀၀) ရရှိမှာပါ။ 



ဒီလိုမျိုး ဟာလန်းက နော်ဝေနဲ့အတူ နေးရှင်းလိဂ်ပွဲစဥ်တွေပြီးဆုံးသွားချိန်မှာ အင်္ဂလန်ကိုလာရောက်ပြီး ဆေးစစ်မှု ခံယူခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဆေးစစ်တဲ့နေရာမှာ (၆) ပေ (၅) လက်မနီးပါးရှိနေပြီး စင်တီမီတာအားဖြင့် (၁၉.၅၂) စင်တီမီတာရှိတယ်လို့ သိရှိရပါတယ်။ ဒီအရပ်အမောင်းကို ဟာလန်းကိုယ်တိုင်ပါ အံ့အားသင့်ခဲ့ရပါတယ်။

ဟာလန်းက “ဝိုး...။ ကျနော် အရပ်ရှည်လာတာပဲဗျ။ တစ်စင်တီမီတာနီးပါးလောက်ရှည်လာတာ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့လအတွင်းက ဘာစီလိုနာမြို့မှာ ဆေးစစ်မှုပထမအဆင့်တွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အခု မန်ချက်စတာမှာတော့ ဟာလန်းက သွေးစစ်ခြင်း၊ စကင်န်ရိုက်ခြင်းတို့နဲ့ ကြံ့ခိုင်မှုအနေအထားတို့ကို စစ်ဆေးခဲ့တာပါ။

ဒီလိုမျိုး ဆေးစစ်တဲ့နေရာမှာ အရပ်အမောင်းကိုပါ တခါတည်း ထည့်သွင်း မှတ်ပုံတင်ရပြီး ဟာလန်းကိုယ်တိုင်က အခုလိုပဲ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းဝန်ထမ်းအချို့နဲ့ တွေ့ဆုံမိတ်ဆက်ခဲ့ပြီး ဒီအထဲမှာ အသင်းစားဖိုမှူးတွေလည်း ပါဝင်ခဲ့တယ်လို့ သိရှိရပါတယ်။

ဟာလန်းဟာ စားဖိုမှူးတွေနဲ့ တွေ့ဆုံချိန်မှာ သူအကြိုက်ဆုံးမနက်စာအဖြစ် ကြက်ဥခေါက်ကြော်လို့ ပြောကြားခဲ့ပြီး ချိစ်နဲ့ ဝက်ပေါင်ခြောက်တို့ကိုလည်း ကြိုက်နှစ်သက်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးနဲ့အတူ ရာသီကြိုခြေစမ်းပွဲစဥ်တွေတည်းက စတင်ပူးပေါင်းမှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က