တယောက်လျော့နဲ့ကစားရတဲ့အချိန်မှာတောင် နိုင်ပွဲယူပေးခဲ့တာပါ။

ရော်နယ်ဒိုဆိုတာ ဒါပါဘဲ။ အယ်လ်ဟီလယ်နဲ့ပွဲမှာ ၁-၀ နဲ့ ရှုံးနေတယ်။ ကစားသမားတဦး အထုတ်ခံလိုက်ရတယ်။ ဒီလိုအချိန်မှာ ပြန်လာနိုင််ဖို့ဆိုတာက မလွယ်တော့ပါဘူး။ ဒါပေမယ့် အယ်လ်နာဆာဘက်မှာ ရော်နယ်ဒို ရှိနေခဲ့ပါတယ်။ ချေပဂိုးသွင်းပေးပြီး အချိန်ပိုဆက်ကစားခွင့်ရအောင် သူ လုပ်ပေးခဲ့တယ်။ 

အချိန်ပိုမှာ အနိုင်ဂိုးကို ထပ်သွင်းပေးခဲ့ပြီး ၂-၁ နဲ့ အနိုင်ရပြီး အယ်လ်နာဆာကို အာရပ်ကလပ်ဖလား ပထမဆုံးအကြိမ်ရအောင် သူ လုပ်ပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ စိတ်အားထက်သန်မှု၊ မာန်၊ နိုင်လိုစိတ်ပြင်းပြမှု၊ အသင်းကို ဦးဆောင်မှုကို ထပ်ပြီးတော့ မြင်တွေ့ခဲ့ရတဲ့ ပွဲပါပဲ။

အယ်လ်ဟီလယ်မှာက မယ်လ်ကွန်၊ ဆာဗစ်၊ ကူလီဘလီ၊ နီဗက်စ်တို့လိုကစားသမားကောင်းတွေရှိနေပြီး ဂိုးသမားကလည်း လက်စွမ်းပြနေခဲ့လို့ အယ်လ်နာဆာတို့ အသက်ရှူချိန်တောင်မရခဲ့ပါဘူး။ ဒီကြားထဲ တယောက်အထုတ်ခံလိုက်ရတော့ ပိုဆိုးသွားပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက အသင်းကို ကယ်တင်ပေးခဲ့ပြီး သူ ဘယ်လိုကစားသမားလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ 

ရွှေဖိနပ်ဆုကိုလည်း သူ ဆွတ်ခူးခဲ့ပြီး အယ်လ်နာဆာနဲ့အတူ ပထမဆုံးဆုဖလားကိုပါ ရယူသွားခဲ့ပါတယ်။ ရော်နယ်ဒိုယူပေးခဲ့တဲ့ ဆုဖလားပါပဲ။ ဂိုးသွင်းပြီးချိန်မှာ မာန်အပြည့်နဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။ ရော်နယ်ဒိုကတော့ အသက် ၃၈ နှစ်အရွယ်မှာကိုပဲ အံ့အားသင့်စရာတွေ လုပ်ပြနေတုန်းပါ။ 

Share

Loading Next Article...
က္က