မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။

သူ့ အသက် ၁၇ နှစ်အရွယ်မှာ ရီးရဲလ်မက်ဒရစ်က စာချုပ်ချုပ်ဖို့အတွက် လာရောက်ပြောဆိုခဲ့တာကို နောက်ပြောင်တယ်လို့ ထင်ခဲ့မိကြောင်း ကွင်းလယ်လူဗယ်လ်ဗာဒီက ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဥရုဂွေးကွင်းလယ်လူဟာ ရီးရဲလ်အတွက် အခုဆိုရင် အဓိကကွင်းလယ်လူအဖြစ် ပါဝင်ကစားပေးနေပြီး အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်လာတာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ 

Player Tribune နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗယ်လ်ဗာဒီက ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကွင်းလယ်ခံစစ်၊ ကွင်းလယ်လူ၊ ညာတောင်ပံကစားသမားအဖြစ်နဲ့ ကစားပေးရင်း အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ ဗယ်ဗာဒီက အဆိုပါနေ့ဟာ သူ့ဘ၀ရဲ့ အထူးခြားဆုံး နေ့ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

"ကျနော်က ပါရာဂွေးမှာ တောင်အမေရိက ယူ၁၇ ပွဲကစားနေတုန်း ကျနော့်ဘ၀ကို ပြောင်းလဲစေမယ့် ဖုန်းခေါ်ဆိုမှုတခုကို ရခဲ့တယ်၊ ဟိုတယ်ခန်းထဲမှာ ကျနော်က ထိုင်နေတာ။ အဖေနဲ့အမေက တခြားအခန်းတခုမှာ။ ကျနော့်အမေက ဖုန်းလှမ်းဆက်ပြီးတော့ ဟေ့၊ နင် ငါ့အခန်းကို အခု လာခဲ့၊ ဒီမှာ လူတချို့ရောက်နေပြီး နင်နဲ့ စကားပြောချင်လို့တဲ့၊ အခုလာခဲ့နော်၊ အဲဒီလူတွေက ရီးရဲလ်မက်ဒရစ်ကဆိုပြီး ပြောတယ်"

"စစချင်းတော့ အမေက ကျနော့်ကို နောက်ပြောင်နေတာလို့ ထင်နေတာ၊ အမေတို့ အခန်းကို ကျနော်ပြေးသွားတော့ အဲဒီမှာ သူတို့ကို တွေ့လိုက်ရတယ်၊ လူနှစ်ယောက်ရှိနေပြီး အရင်က တခါမှ မမြင်ဖူးဘူးဗျ၊ အမေကလည်း မျက်ရည်တွေကျတဲ့အထိ ဖြစ်နေပြီ၊ သူတို့က တောင်အမေရိကစပိန်မဟုတ်တဲ့ လေသံနဲ့ စပြောတယ်၊ ဒီမှာတင်ပဲ သူတို့က ဒီဒေသကမဟုတ်ဘူးဆိုတာ ကျနော်သိလိုက်တယ်"

"သူတို့က ကျနော်တို့က ရီးရဲလ်မက်ဒရစ်ကပါ၊ မင်းက ငါတို့အသင်းအတွက် ကြယ်တပွင့်ဖြစ်လာနိုင်တယ်လို့ ငါတို့ ယုံကြည်တယ်၊ မင်းနဲ့ မင်းမိဘတွေကို မက်ဒရစ်ကို ပြောင်းရွှေ့စေချင်တယ်လို့ ပြောတယ်၊ အမေ့ကို ကျနော်လှမ်းကြည့်ဖြစ်တယ်။ အေးဂျင့်တွေကိုလည်း မင်းတို့ငါ့ကို သောက်ခွက်လာပြောင်နေတာလားလို့ မေးလိုက်တယ်"


"မင်း မပြောနဲ့တော့၊ ငါတို့ သောက်ခွက်ပြောင်နေတာမဟုတ်ဘူးလို့ သူတို့က ပြန်ပြောတယ်၊ အဲဒါနဲ့ ကစားသမားပေါင်း ၅ သိန်းလောက်မှာမှ ဘာလို့ငါက ရီးရဲလ်က လိုချင်တဲ့သူဖြစ်ရတာလဲလို့ ကျနော်တွေးမိတယ်၊ ပြီးတော့ ကျနော် ဟိုတယ်ဧည့်ခန်းကို ပြေးထွက်သွားတယ်၊ အဲဒီမှာ အဖေက တခြားတယောက်နဲ့ စကားပြောနေတယ်၊ အဖေ၊ ဒီမှာ မက်ဒရစ်ကလူတွေရောက်နေတယ်လို့ ကျနော်ပြောလိုက်မိတယ်"

"အဖေက ဒါဆို မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ၊ သူတို့က ဘယ်မှာလဲတဲ့၊ အခန်းထဲမှာ၊ ကျနော့်ကို စာချုပ်ချုပ်ချင်နေတယ်၊ ရီးရဲလ်က ကျနော့်ကို အလိုရှိနေတာဆိုတော့ ကျနော့်ကို ကမ္ဘာပေါ်မှာ သောက်ရူးအကျဆုံးကောင်လိုမျိုး ကြည့်ပြီး မင်း အဲဒီကို ပြန်သွားတော့ သောက်ရူးရဲ့ လို့ အော်တော့တာပဲ။ ကျနော်လည်း အခန်းထဲ ပြန်ပြေးရတာပေါ့၊ ပြီးတော့ အေးဂျင့်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေပြောဖြစ်လိုက်တယ်၊ ကျနော့်ဘ၀မှာ ပထမဆုံးသော အပြည့်စုံဆုံးနေ့ဖြစ်ခဲ့တာပါ" လို့ ဗယ်လ်ဗာဒီက ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က