အလုပ်အကိုင်အခွင့်အလမ်းပေါ်ရင် အသိပေးမယ်လို့် ပြောခဲ့တာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျာမနီနာမည်ကျော်ဂိုးသမားဟောင်း အိုလီဗာခန်းအတွက် သင့်တော်တဲ့ ရာထူးတာဝန်မျိုးတွေ့ရင် သူ ဆက်သွယ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အိုလီဗာခန်းဟာာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဆော်ဒီကို ရောက်ခဲ့ပြီး အယ်လ်နာဆာကစားသမားတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာဟောင်းအဖြစ် အိုလီဗာခန်းက တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတာပါ။ သူက ဆော်ဒီကိုသွားရောက်ခဲ့ပြီး အယ်လ်နာဆာမှာ သူ့အတွက် အလုပ်အကိုင်ရှိမလားလို့ မေးမြန်းခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဒါပေမယ့် အယ်လ်နာဆာကတော့ ရော်နယ်ဒိုနဲ့သာ အလုပ်ကိစ္စကို ပြောဆိုဖို့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အိုလီဗာခန်းဟာ သူ ဘိုင်ယန်မှာ တာဝန်ယူခဲ့တုန်းက ရော်နယ်ဒိုကို သူ့အသင်းအတွက် မခေါ်ယူဘူးလို့ လူသိရှင်ကြားပြောဆိုခဲ့သူဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက ရော်နယ်ဒိုက ယူနိုက်တက်နဲ့ ပြသနာတွေဖြစ်နေပြီး အသင်းက ထွက်ခွာဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ 

ရော်နယ်ဒိုက အသက်အရွယ်ကြီးနေပြီဖြစ်လို့ သူတို့အသင်းအတွက် မခေါ်ယူဘူးလို့ အိုလီဗာခန်းက ပြောခဲ့တာပါ။ ဒါပေမယ့် အယ်လ်နာဆာမှာ​ တွေ့ဆုံခဲ့ချိန်မှာတော့ ရော်နယ်ဒိုက ဒါကို အငြိုးအတေးမထားဘဲ အိုလီဗာခန်းနဲ့ သင့်တော်တဲ့အလုပ်ကို သူ တွေ့မယ်ဆိုရင် ဖုန်းဆက်အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းတွေ​ဖော်ပြခဲ့ကြပါတယ်။ 


ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ စိတ်ဓာတ်ကို ချီးကျူးနေခဲ့ကြပါတယ်။ သူ့ကို မခေါ်ယူဘူးလို့ ပြောဆိုခဲ့သူကို ပြန်ကူညီဖို့အတွက် ဝန်မလေးတဲ့စိတ်ဓာတ်ကို ရော်နယ်ဒိုက ပြသခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က