ဥရောပကို သူ ပြောင်းရွှေ့လာနိုင်ဖို့ ခွင့်ပြုပေးခဲ့တဲ့ ဘရာဇီးလ်ကလပ်ဖြစ်ပြီး ရော်နယ်ဒိုနာဇာရီယိုအတွက် နောက်ထပ်အသင်းတခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူးဟောင်းကြီးရော်နယ်ဒိုဟာ သူ့ရဲ့ငယ်ဘ၀ကလပ်လည်းဖြစ်၊ သူ့ကို ရော်နယ်ဒိုဆိုတဲ့ နာမည်ဖြစ်လာအောင် စင်တင်ပေးခဲ့တဲ့ ခရူဇီယိုအသင်းကို ပြန်လည်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ ဥရောပကို သူ ပြောင်းရွှေ့လာနိုင်ဖို့ ခွင့်ပြုပေးခဲ့တဲ့ ဘရာဇီးလ်ကလပ်ဖြစ်ပြီး ရော်နယ်ဒိုနာဇာရီယိုအတွက် နောက်ထပ်အသင်းတခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စပိန်ကလပ် ဗယ်လာဒိုလစ်အသင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုက ခရူဇီယိုအသင်းဥက္ကဌနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး စနေနေ့က ဆော်ပေါ်လိုမှာ စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့်ရက်တွေအတွင်း ထုတ်ပြန်ကြေညာသွားဖို့ရှိနေပြီး လက်ရှိကတော့ အရောင်းအဝယ်အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့သာ ကြိုတင်အတည်ပြုခဲ့တာပါ။
ရော်နယ်ဒိုအနေနဲ့ ခရူဇီယိုကို ဘရာဇီးလ်ထိပ်တန်းလိဂ်ကို ပြန်လည်ရောက်ရှိအောင် ဆွဲတင်ပေးရမှာလည်းဖြစ်ပါတယ်။ ခရူဇီယိုဟာ ၂၀၁၉ ခုနှစ်က တန်းဆင်းသွားခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်စီးရီးဘီမှာ ကစားနေရတာလည်းဖြစ်ပါတယ်။ "ကျွန်တော့်မှာ ပံ့ပိုးပေးစရာတွေအများကြီးရှိတယ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေအများကြီးရှိနေပြီး ခရူဇီယိုရဲ့ ကြီးမားတဲ့အရာတခုကို ဖန်တီးပေးဖို့ ရည်မှန်းချက်ရှိပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရော်နယ်ဒိုဟာ ခရူဇီယိုကို ဝယ်ယူရာမှာ ဘရာဇီးလ်ငွေကြေး သန်း ၄၀၀ ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါပမာဏဟာ ဗြိတိန်သုံးငွေကြေး ပေါင်စတာလင်နဲ့ တွက်ချက်ပါက ပေါင် ၅၃ သန်းကျော်အထိ ရှိနေတာလည်းဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်ထားမှုတွေအရ ရော်နယ်ဒိုဟာ ဒေါ်လာသန်း ၁၆၀ အထိ ကြွယ်၀ချမ်းသာတယ်လို့ သိရပြိး သူ့ပိုင်ဆိုင်မှုတွေကို ဘောလုံးလောကအတွင်းမှာ ပြန်လည်ရင်းနှီးမြုပ်နှံနေတာလည်းဖြစ်ပါတယ်။