ရိုးမားမှာ ခြေစွမ်းပြနေတာပါ။

လူကာကူကတော့ ရိုးမားအတွက် ဆက်တိုက်ကို ခြေစွမ်းပြနေပါတယ်။ ညက ယူရိုပါလိဂ်ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရအောင် ကူညီပေးခဲ့သလို ယူရိုပါလိဂ်မှာ ၁၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်ကို တင်ခဲ့ကာ စုစုပေါင်း ၁၇ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။ 

ရိုးမားကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် လူကာကူဟာ ၇ ပွဲကစားပြီးချိန်မှာ ၅ ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ သူ့ကို ယုံကြည်မှုအပြည့်နဲ့ ခေါ်ယူပေးခဲ့တဲ့ မော်ရင်ဟိုလက်အောက်မှာ လူကာကူက ခြေစွမ်းပြန်ပြနေပြီး သူ့ကိုအလိုမရှိခဲ့တဲ့ ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်စ်ပရိသတ်တွေကို ကောင်းကောင်းကြီး တုံ့ပြန်ပြနိုင်ခဲ့ပါတယ်။ 

လူကာကူကို ဂျူဗီက ခေါ်ယူဖို့ စီစဉ်ခဲ့ပြီး သူ ကိုယ်တိုင်ကလည်း ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် ဂျူဗီပရိသတ်တွေက မခေါ်ယူဖို့အတွက် ကွင်းထဲမှာပါ ဆန္ဒပြခဲ့လို့ ဒီအစီအစဉ်က ပျက်ပြယ်ခဲ့ရပါတယ်။ ချယ်လ်ဆီးပရိသတ်တွေကလည်း သူတို့အသင်းမှာ လူကာကူကို မမြင်ချင်ဘူးလို့ ပြောဆိုခဲ့ကြပြီး ပြန်လည်ရောင်းချဖို့ကိုသာ တိုက်တွန်းခဲ့ကြတာပါ။ 

လက်ရှိမှာတော့ လူကာကူက ရိုးမားရဲ့ ဂိုးသွင်းစက်ဖြစ်နေပြီး ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနေတာပါ။ မော်ရင်ဟိုအတွက် အားကိုးရတဲ့ တိုက်စစ်မှူးဖြစ်နေပြီး အီတလီမှာ သူ့ရဲ့ ကစားသမားဘ၀ကို အကောင်းဆုံးတည်ဆောက်နေကာ သတိထားရမယ့် ကစားသမားတဦးအဖြစ် ပြန်လည်ရောက်ရှိလာနေပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က