ဂိုးသမားရမ့်ဒေးလ်နဲ့ နောက်ခံလူတိုမီယာဆုတို့ ရောက်ရှိလာပြီးနောက် အာဆင်နယ်ခံစစ်ပိုင်းက မာကျောလာခဲ့တာဖြစ်ပြီး ဂျပန်နောက်ခံလူက အထူးခြေစွမ်းပြသခဲ့ပါတယ်။
မနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာတော့ အာဆင်နယ်ဟာ မာတင်အိုဒီဂတ်ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ၂ပွဲဆက်တိုက်နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒါဟာ ၃ ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ပြန်လည်ရုန်းထလာခဲ့မှုဖြစ်ပြီး ၂ပွဲဆက်တိုက်ပေးဂိုးမရှိစံချိန်ကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသမားရမ့်ဒေးလ်နဲ့ နောက်ခံလူတိုမီယာဆုတို့ ရောက်ရှိလာပြီးနောက် အာဆင်နယ်ခံစစ်ပိုင်းက မာကျောလာခဲ့တာဖြစ်ပြီး ဂျပန်နောက်ခံလူက အထူးခြေစွမ်းပြသခဲ့ပါတယ်။
ဘိုလော့ဂ်နာနောက်ခံလူဟောင်းအတွက် အာဆင်နယ်ဟာ ပေါင်သန်း ၂၀ ပေးချေခဲ့ရပြီး ဒီအပေါ်မှာ လှောင်ပြောင်မှုအများအပြားရှိနေခဲ့ပါတယ်။ ဒါပေမယ့် တိုမီယာဆုကတော့ အကောင်းဆုံးပုံစံတွေကို ပြသခဲ့ကာ သူ့ကိုခေါ်ယူမှုက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အာရွန်ရမ့်စ်ဒေးလ်ကလည်း လီနိုရဲ့ နံပါတ်တစ်ဂိုးသမားနေရာကိုပါ ခြိမ်းခြောက်မှုတွေပြုလုပ်နေပြီး အာတီတာရဲ့ ကစားသမားရွေးချယ်မှုနဲ့ အပြောင်းအရွှေ့ပေါ်လစီက အလုပ်ဖြစ်လာနေပြီလို့ 101 Great Goals က သုံးသပ်ဖော်ပြခဲ့ပါတယ်။