မော်ရင်ဟိုလက်ထက်က ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။

ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေချိန်တုန်းက ဝက်စ်ဟမ်းကနေ သူ့ကိုခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်မှာ ငွေကြေးအလုံအလောက်မရှိခဲ့ဘူးလို့ ဩစတြီးယားတိုက်စစ်မှူးအနော်တိုဗစ်က ဖွင့်ဟလိုက်ပါတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်မှာ အနော်တိုဗစ်နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ယူနိုက်တက်နည်းပြဘ၀မှာ ပြန်လည်ခေါ်ယူချင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အမှန်တကယ်တော့ ဖြစ်ပေါ်မလာခဲ့ပါဘူး။ 

Gazzetta dello Sport က ဖော်ပြခဲ့မှုအရ အနော်တိုဗစ်က သူ့ကို မော်ရင်ဟိုက အလိုရှိခဲ့တယ်ဆိုပြီး အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းဟာ တရုတ်ကို ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိမှာတေ့ာ အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာအတွက် ကစားပေးကာ ၁၃ ပွဲကစားပေးအပြီး ၈ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသနေပါတယ်။ 

"ကျနော် ဝက်စ်ဟမ်းယူနိုက်တက်မှာ ကစားနေချိန် မော်ရင်ဟိုက အလိုရှိခဲ့ပါတယ်၊ ကျနော့်တန်ဖိုးက ဘယ်လောက်ရှိလဲဆိုပြီး သူ မေးခဲ့တယ်၊ ဒါပေမယ့် ယူနိုက်တက်က ကျနော့်ကို ခေါ်ယူဖို့ ငွေကြေးအလုံအလောက်မရှိခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ပေါ့ဂ်ဘာကို ခေါ်ယူထားပြီးဖြစ်နေခဲ့လို့ပါ" လို့ အနော်တိုဗစ်က ဖွင့်ဟခဲ့ပါတယ်။ 

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ Tiziano Pasquali ကလည်း နောက်ထပ်တကြိမ် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီး ကစားသမားဘက်ကလည်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ "ဟုတ်ပါတယ်၊ သူ့ကို ဂျူဗီနဲ့ ယူနိုက်တက်တို့က အရင်ကြိုးစားခဲ့တာပါ၊ ဒါပေမယ့် အဆုံးသတ်မှာတော့ သူက ဘိုလော့ဂ်နာမှာပဲ နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ 


အနော်တိုဗစ်ဟာ ဘိုလော့ဂ်နာအတွက် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က