သူ့အတွက် အဆင်အပြေဆုံးနေရာကိုပဲ ရက်ရှ်ဖို့ဒ်က ကစားချင်နေတာပါ။

အဲရစ်တန်ဟက်ဂျ်လက်အောက်မှာ သူ ကစားချင်တဲ့ နေရာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောဆိုဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အင်္ဂလန်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရပြီး အရေးကြီးတဲ့ပွဲတွေမှာလည်း အရန်ခုံမှာသာထိုင်နေခဲ့ရကာ လာမယ့်ရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ 

တန်ဟက်ဂျ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွေထဲမှာ ပါဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံနေရာမှာ ကစားချင်နေတာဖြစ်ပြီး သူ့ကို အဲဒီနေရာမှာထားကစားဖို့ တန်ဟက်ဂျ်ကို ပြောဆိုသွားမယ်လို့ Metro က ဆိုပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရက်ရှ်ဖို့ဒ်ကို လီဗာပူးလ်၊ မဲဘုန်းဗစ်ထရီ၊ ပဲလေ့၊ ဗီလာတို့နဲ့ ခြေစမ်းပွဲတွေမှာ တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ တန်ဟက်ဂျ်က စီစဉ်ထားကြောင်း သိရပါတယ်။ 

ရက်ရှ်ဖို့ဒ်ကလည်း နည်းပြသစ်ဆီက အထင်ကြီးမှုကို ရယူလိုနေပြီး သူ့အတွက် အကောင်းဆုံးနေရာမှာကစားရမယ်ဆိုရင် အဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်။ ဒါကြောင့် တိုက်စစ်မှူးနေရာမဟုတ်ဘဲ ဘယ်တောင်ပံမှာ ထားကစားပေးဖို့ တောင်းဆိုသွားမှာဖြစ်ပြီး အဆိုပါနေရာမှာ အမှန်တကယ်လည်း ရက်ရှ်ဖို့ဒ်က ခြေစမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဘယ်တောင်ပံခြမ်းကို ဆန်ချိုက ကစားနေခဲ့ရပြီး လက်ရှိမှာ အေဂျက်ဇ်ညာတောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့လည်း ယူနိုက်တက်က ကြိုးစားနေလို့ တန်ဟက်ဂျ်က ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးအဖြစ်နဲ့သာ အသုံးပြုမယ်လို့ယူဆရပါတယ်။ တကယ်လို့ ဘယ်တောင်ပံမှာ ရက်ရှ်ဖို့ဒ်က ကစားချင်တယ်ဆိုရင်တော့ ဆန်ချိုနဲ့ နေရာလုရဖွယ်လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က