တူကီနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးက သူ့ကို လိုက်လံရှာဖွေနေမှန်းမသိခဲ့ဘဲ ရှာဖွေရေးအဖွဲ့နဲ့အတူ နာရီအတန်ကြာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Beyhan Mutlu အမည်ရှိ အမျိုးသားဟာ အင်္ဂါနေ့ (စက်တင်ဘာ ၂၈ ရက်) က သူငယ်ချင်းတွေနဲ့အတူ အရက်သောက်နေခဲ့ပြီးနောက် Bursa ဒေသရှိ တောအုပ်တစ်ခုအတွင်း ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ပါတယ်။ ထို့နောက် တောအုပ်ထဲကနေ အိမ်ပြန်ရောက်မလာခဲ့ရာ သူ့ရဲ့ဇနီးနဲ့ သူငယ်ချင်းတွေက ဒေသအာဏာပိုင်တွေကို လူပျောက်တိုင်ကြားခဲ့ပြီး လိုက်လံရှာဖွေခဲ့ကြပါတယ်။
(Map: BBC)
ထိုသို့ ရှာဖွေနေကြစဥ် အသက် ၅၀ နှစ်အရွယ် Mutlu က ရှာဖွေရေးအဖွဲ့နဲ့ ဆုံတွေ့သွားခဲ့ရာ သူကလည်း ပါဝင်ကူညီမယ်လို့ ဆုံးဖြတ်ခဲ့ပြီး အတူလိုက်ပါသွားခဲ့ပါတယ်။ သို့သော် လူပျောက်ရှာဖွေရေးအဖွဲ့ဝင်တွေက တောအုပ်ထဲမှာ သူ့ရဲနာမည်ကို အော်ခေါ်လိုက်ကြရာ Mutlu က "ကျွန်တော် ဒီမှာပါ" လို့ တုံ့ပြန်ခဲ့ပြီး ထိုအချိန်မှသာ သူ့ကို လိုက်လံရှာဖွေနေကြမှန်း သိသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော့်ကို ပြင်းပြင်းထန်ထန် အပြစ်မပေးပါ အရာရှိကြီးရာ၊ ကျွန်တော့်အဖေ သတ်လိမ့်မယ်
ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက Mutlu နဲ့အတူ သူ့ကို ပြန်ရှာတွေ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ "ကျွန်တော့်ကို ပြင်းပြင်းထန်ထန် အပြစ်မပေးပါ အရာရှိကြီးရာ၊ ကျွန်တော့်အဖေ သတ်လိမ့်မယ်" လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို Mutlu က ပြောခဲ့ပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က Mutlu ကို အိမ်ပြန်ပို့ခဲ့ပြီး သူ့ကို ငွေဒဏ်ရိုက်ခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။