အဲဗာတန်နဲ့ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

အဲဗာတန်နဲ့ ပဲလေ့စ်တို့ပွဲမှာ အိမ်ရှင်အသင်းအနိုင်ရရှိခဲ့ပြီးနောက် တန်းမဆင်းရဖို့သေချာသွားတဲ့အတွက် အဲဗာတန်ပရိသတ်တွေဟာ ကွင်းအတွင်းမှာ ဝင်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။ ကွင်းလုံးပြည့်ကို ပရိသတ်တွေနဲ့ ပြည့်လျှံသွားခဲ့ပြီးတော့ အတူတကွအောင်ပွဲခံခဲ့ကြကာ ပရီးမီးယားလိဂ်မှာ သူတို့အသင်းဆက်လက်ရှိနေမယ့်အပေါ်မှာ ဝမ်းသာအားရဖြစ်နေခဲ့ကြပါတယ်။ 

ဒီလိုအောင်ပွဲခံနေချိန်အတွင်း အဲဗာတန်ပရိသတ်တဦးနဲ့ ပဲလေ့စ်နည်းပြဗီယာရာတို့ကတော့ ကွင်းထဲမှာ ဖိုက်တင်ပလေးနေခဲ့ကြပါတယ်။ ကွင်းထဲကို ဝင်ရောက်လာတဲ့ အဆိုပါပရိသတ်ဟာ ကွင်းထဲကပြန်ထွက်ဖို့လုပ်နေတဲ့ ဗီယာရာကို ပခုံးပုတ်ပြီး တခုခုလှမ်းပြောကာ ထွက်သွားပါတယ်။ ဒီအချိန်မှာ ဗီယာရာက အဆိုပါပရိသတ်ကို လှမ်းဆွဲပြီး စကားပြန်ပြောမှုပြုလုပ်နေရာကနေ ရုတ်တရက်ဆိုသလို ခြေထောက်နဲ့ကန်ကျောက်ခဲ့တာပါ။ 



ဘေးနားက အခြားပရိသတ်တွေက ဝိုင်းဝန်းကာ ဖျန်ဖြေပေးခဲ့ရပြီး ဗီယာရာကိုလည်း နှစ်သိမ့်ဖြောင်းဖြကာ ကွင်းအပြင်ဆွဲခေါ်သွားခဲ့ရပါတယ်။ ဗီယာရာဟာ တော်တော်လေးပေါက်ကွဲသွားဟန်ရှိပြီးတော့ လှမ်းဆွဲကာ ပိတ်ကန်တဲ့အထိ ပြုလုပ်ခဲ့တာပါ။ ရုပ်သံဗီဒီယိုပြကွက်တွေအရဆိုရင် သူဟာ လက်နဲ့ပါ ရိုက်နှက်ခဲ့တယ်လို့ ယူဆရပြီး အဆိုပါပရိသတ်က ပြန်ရန်မူဖို့ လုပ်ခဲ့ပါသေးတယ်။ 



ဗီယာရာရဲ့ ကန်ချက်ကြောင့် အဆိုပါပရိသတ်လဲကျသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ တချိန်က ပရီးမီးယားလိဂ်ရဲ့ ဖိုက်တာကြီးကိုမှ သွားရန်စမိတဲ့ အဲဒီပရိသတ်တော့ ကံဆိုးတာပါပဲ။ ဗီယာရာရဲ့အသင်းဟာ အဲဗာတန်ကို ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ၃ ဂိုးပေးကာ ပြန်လည်အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က