အနာဂတ်အတွက် ဘယ်လင်ဟမ်က ပြောကြားခဲ့တာပါ။

အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်က သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ နောက်ထပ် (၁၀) နှစ်၊ (၁၅) နှစ်လောက် ကစားသွားဦးမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။



ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာပြီးနောက် ဘယ်လင်ဟမ်က အသင်းသစ်မှာ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူလျက်ရှိပါတယ်။ ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ဘယ်လင်ဟမ်က ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်မှာ ခြေစွမ်းပြခဲ့ပါတယ်။
အီတလီကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး အင်္ဂလန်တို့ ယူရို - ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ပွဲမှာ ဘယ်လင်ဟမ်က အသင်းရရှိခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးအတွက် အဓိကနေရာကနေ ပါဝင်အသုံးတော်ခံခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာတော့ အနာဂတ်အတွက် မေးခွန်းတွေကို ဘယ်လင်ဟမ်က အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
ဘယ်လင်ဟမ်က “ရီးရဲလ်မက်ဒရစ်ကို စတင်ရောက်ရှိချိန်ကတည်းက ကျွန်တော် ဒါကို ပြောထားပြီးသားပါ။ အသင်းမှာ (၁၀) နှစ်ကနေ (၁၅) နှစ်လောက် ကြာအောင် ရှိနေမှာဆိုပြီးတော့ပေါ့။ ကျွန်တော် ဒီအသင်းကို ချစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းကိုလည်း ဘယ်လင်ဟမ်က “ဟုတ်ပါပြီ။ ကျွန်တော် သိပါတယ်။ စောင့်ကြည့်ကြတာပေါ့” လို့ ဖြေသွားခဲ့ပါတယ်။ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူးတို့က စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအနေအထားအရတော့ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားခဲ့ပါပြီ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က