ဘရာဇီးလ်ကလပ် ဂရီမီယိုမှာ ကစားနေတဲ့ လီဗာပူးလ်တိုက်စစ်မှူးလူး၀စ္စဆွာရက်ဇ်ကတော့ ဒီမနက်က ကစားခဲ့တဲ့ အင်တာနေစီယွန်နယ်နဲ့ပွဲမှာ ဒိုက်ဗင်ထိုးခဲ့လို့ လှောင်ပြောင်ခံနေရပြန်ပါပြီ။ ဒီပွဲမှာ ဂရီမီယိုက ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး အင်္ဂလန်နဲ့ စပိန်မှာ ကစားခဲ့ဖူးတဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ သိသိသာသာကြီးကို ဒိုက်ဗင်ထိုးပြီး ပြစ်ဒဏ်ဘောတောင်းဆိုခဲ့တာပါ။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာတော့ အင်တာနေစီယွန်နယ်ခံစစ်မှူးတဦးနဲ့အပြိုင် ဘောလုံးရယူဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အင်တာနေစီယွန်နယ်နောက်ခံလူက ဘောလုံးကို ဦးအောင်ဖျက်ထုတ်နိုင်ခဲ့ပြီး ဒီအချိန်မှာ ဆွာရက်ဇ်က သူ ဖျက်ထုတ်ခံလိုက်ရသလိုမျိုး လဲကျကာ လူးလွန့်ပြသွားခဲ့ပါတယ်။
video link >>>>> https://packaged-media.redd.it/i1qlzm5lo3tb1/pb/m2-res_720p.mp4?m=DASHPlaylist.mpd&v=1&e=1696852800&s=98018e98fa1fd249a3fc393e3ac025119193b604#t=0
ထုံးစံအတိုင်း ဆွာရက်ဇ်ဟာ သူ အရမ်းနာကျင်သွားသလိုမျိုးကို နှစ်ပတ်၊ သုံးပတ်လောက် လှိမ့်ပြခဲ့တာပါ။ အင်တာနေစီယွန်နယ်နောက်ခံလူကတော့ ဆွာရက်ဇ်ရဲ့ လုပ်ရပ်ကို တော်တော်လေး စက်ဆုပ်ဟန်နဲ့ ကြည့်သွားခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။
အဆိုပါခံစစ်မှူးဟာ နောက်ဆုံးခံစစ်သမားဖြစ်လို့ အဝါကတ် ဒါမှမဟုတ် အနီကတ်ပြဖို့လည်း ဆွာရက်ဇ်က ဒိုင်လူကြီးကို လှမ်းကြည့်ခဲ့ပါသေးတယ်။ ဒိုင်လူကြီးကလည်း အဝါကတ်ပြသသတိပေးခဲ့ပါတယ်။ အနှေးပြကွက်အရတော့ ဆွာရက်ဇ်ဟာ ပြိုင်ဘက်ကစားသမားရဲ့ ခြေထောက်နဲ့ မထိခဲ့ဘဲ ပုံမှန်ထိတွေ့မှုရှိခဲ့လို့သာ လဲကျခဲ့တာပါ။
ဒီပွဲမှာ ဆွာရက်ဇ်က လှပတဲ့ အလွတ်တည်ကန်ချက်နဲ့ ချေပဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။ ခြေစွမ်းအရ ကောင်းမွန်နေဆဲဖြစ်ပေမယ့် ဆွာရက်ဇ်ဟာ သူ့ကစားသမားဘ၀မှာ မကြာခဏလုပ်နေကျ အငြင်းပွားဖွယ်ရာ ဟန်ဆောင်မှုကြောင့် ကဲ့ရဲ့ပြစ်တင်ခံနေရပါတယ်။