ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်မှာ ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ကိုဝေဖန်ခဲ့တဲ့ အသင်းဖော်ဟောင်းဂယ်ရီနဗီးလ်ကို နှုတ်ဆက်ခြင်းမရှိဘဲ ရှောင်ဖယ်သွားခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။ ပွဲမတိုင်ခင် ပြုလုပ်နေတဲ့ ရုပ်သံတင်ဆက်မှုမှာ ဂယ်ရီနဗီးလ်၊ လူး၀စ္စဆာဟာ၊ ဂျင်မီရက်ပ်နက်နဲ့ ဂျင်မီကာရေဂါတို့ ပါဝင်ခဲ့ကြပါတယ်။ 

ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းဆင်းဖို့အတွက် ကွင်းထဲကို ဝင်လာချိန်မှာ ရော်နယ်ဒိုက ဆာဟာနဲ့ ဂျင်မီရက်ပ်နပ်တို့ကိုသာ နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ ဆာဟာကို ရော်နယ်ဒိုက လှိုက်လှိုက်လှဲလှဲပြောဆိုခဲ့ပြီးနောက် ရက်နပ်နဲ့လည်း လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ရက်နပ်ဘေးနားမှာ ရှိနေခဲ့တဲ့ နဗီးလ်ကိုတော့ တချက်လေးမှတောင်မကြည့်ခဲ့ဘဲ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ကွင်းထဲပြေးထွက်သွားခဲ့တာပါ။ 



နဗီးလ်က ယူနိုက်တက်ဟာ ရော်နယ်ဒိုမပါဝင်တဲ့အချိန်မှာ ပိုကောင်းတဲ့အသင်းဖြစ်နေတယ်လို့ ပြောဆိုခဲ့သလို စပါးနဲ့ပွဲမှာ လူစားဝင်ဖို့ ငြင်းဆိုခဲ့ပြီး ပွဲမပြီးခင် ဥမင်ထဲဝင်သွားခဲ့တဲ့ ရော်နယ်ဒိုနဲ့ ကလပ်အသင်းကြားဇာတ်လမ်းကိုလည်း အဆုံးသတ်သင့်ပြီလို့ ပြောဆိုခဲ့တာပါ။ ဒီအပေါ်မှာ ရော်နယ်ဒိုဘက်က စိတ်ခုနေဖွယ်ရှိပြီး အခုလိုမျိုး လူချင်းတွေ့ချိန်မှာ သူ့ရဲ့ စိတ်ဆိုးနေမှုကို ပြသခဲ့တာဖြစ်တယ်လို့ Daily Mail က ဆိုပါတယ်။ 

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီအစောပိုင်းကလည်း သူ့ကိုဝေဖန်မှုတွေလုပ်ခဲ့တဲ့ ဂျင်မီကာရေဂါကို နှုတ်ဆက်မှုမလုပ်ဘဲ ရှောင်ဖယ်ခဲ့ပါသ​ေးတယ်။ အခုအခါကတော့ ဂယ်ရီနဗီးလ်ရဲ့ အလှည့်ဖြစ်လာခဲ့ပြီး ဒီလိုပြုမူခံရအပြီးမှာ နဗီးလ်ကို ကာရေဂါက သူ့ရဲ့တွစ်တာကနေ နောက်ပြောင်ခဲ့ပြီး သူ့တုန်းက ခံခဲ့ရမှုကို ပြန်လက်စားချေသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ သူ့ခြေစွမ်း၊ သူ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို မျက်နှာချင်းဆိုင်တွေ့ချိန်မှာ ပြတ်ပြတ်သားသားတုံ့ပြန်မှုတွေ လုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က