Transfermarkt ကို ရော်နယ်ဒိုက ဘလော့ခ်ခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ တန်ဖိုးကို ယူရို (၇၅) သန်းပဲ တန်ကြေးရှိတယ်လို့ သတ်မှတ်ခဲ့တဲ့ Transfermarkt ရဲ့ အင်စတာဂရမ်အကောင့်ကို ဘလော့ခ်ခဲ့တယ်လို့ သိရှိရပါတယ်။ Transfermarkt ဟာ ပြီးခဲ့တဲ့ (၂၀၂၀) တုန်းက နာမည်ကျော်အေးဂျင့် ဂျော့ချ်မန်ဒက်စ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး လူစာရင်း (၁၁) ယောက်ကို ထုတ်ပြန်ခဲ့ပါတယ်။



အဲ့ဒီမှာ ရော်နယ်ဒိုရဲ့ တန်ဖိုးကို အခုလိုပဲ သတ်မှတ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကတော့ ဒီလုပ်ရပ်ကြောင့် Transfermarkt ရဲ့ အင်စတာဂရမ်အကောင့်ကို ဘလော့ခ်ပစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို အခုချိန်မှာ Transfermarkt ဘက်က ထုတ်ဖော်ခဲ့တာပါ။

Transfermarkt ရဲ့ Coordinator က “ကျနော်တို့ ရော်နယ်ဒိုကို Tag တွဲလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စျေးကွက်တန်ဖိုးကို မြင်တွေ့ခဲ့ပြီးနောက် ကျနော်တို့ကို ဘလော့ခ်ထားလို့ပါ”

“သူ အရင်ဆုံး ကျနော်တို့ရဲ့ ဆိုရှယ်မီဒီယာကို မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း ဘာကြောင့် ဒီလိုသတ်မှတ်ရလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူ့အသက်အရွယ် အပိုင်းအခြားမှာတော့ ရော်နယ်ဒိုက နံပါတ်တစ်ပါ”

“ဒါပေမယ့် အဲ့ဒီစာရင်းထဲမှာပါဝင်တဲ့ အခြား ကစားသမားတွေနဲ့ ယှဥ်လိုက်ရင်တော့ ပေါင်သန်း (၃၀) ကနေ (၅၀) လောက်တော့ ကွာဟမှုရှိတာကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။ ပြီးတော့ သူက ပြုံးနေတဲ့ အီမိုဂျီလေးတွေပို့ပြီး ကျနော်တို့ကို ဘလော့ခ်သွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လာမယ့်တပတ်မှာ အသက် (၃၇) နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး အနည်းဆုံး အသက် (၄၀) အရွယ်အထိ သူ့ရဲ့ ကစားသမားဘဝကို ရှေ့ဆက်သွားဦးမယ်လို့ ပြီးခဲ့တဲ့ ဖီဖာအကောင်းဆုံး ကစားသမားဆုပေးပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က