အသင်းကထွက်သွားဖို့အတွက် တောင်းဆိုခံနေရတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြရာထူးကနေ နုတ်ထွက်ဖို့အတွက် ငြင်းဆိုခဲ့ပြီး သူ့အနေနဲ့ အသင်းအတွက် လုပ်ပေးခဲ့တဲ့အပေါ်မှာ ဒီထက်မက အသိအမှတ်ပြုခံမှုတွေရရှိသင့်တယ်လို့ ဆိုးလ်ရှားက ယူဆနေကြောင်း သိရပါတယ်။ နော်ဝေသားနည်းပြဟာ လီဗာပူးလ်နဲ့ မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ဖိအားတွေအောက် ရောက်နေခဲ့သူလည်းဖြစ်ပါတယ်။ 



လက်ရှိမှာ အဆင့် ၆ နေရာရပ်တည်နေပြီး ဇယားထိပ်ဆုံးက ချယ်လ်ဆီးနဲ့ ၉ မှတ်အထိ ကွာဟနေကာ အသင်းခြေစွမ်းကလည်း အားရစရာမရှိတာကြောင့် ပရိသတ်တွေက ဆိုးလ်ရှားအပေါ်စိတ်ပျက်နေကြပါတယ်။ ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့လို အဓိကကစားသမားတွေကလည်း ဆိုးလ်ရှားရဲ့ နည်းစနစ်နဲ့ ပွဲချိန်တွင်း ကိုင်တွယ်ပုံတွေကို သဘောမကျတော့ဘူးလို့သိရပြီး နည်းပြသစ်ခန့်အပ်စေချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ 


ဇီဒန်းနဲ့ သတင်းအကြီးအကျယ်ထွက်ပေါ်နေပြီး တဖက်မှာလည်း ယူနိုက်တက်နောက်ခံလူဟောင်းဖာဒီနန်က ဆိုးလ်ရှားကို ရာထူးကနေ နုတ်ထွက်သွားဖို့အတွက် တိုက်တွန်းမှုတွေပါ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ အိုးထရက်ဖို့ဒ်နည်းပြရာထူးကနေ ဖယ်ပေးဖို့ ရည်ရွယ်ချက်လုံး၀မရှိဘဲ သူ့အနေနဲ့ အားလုံးကို အလှည့်အပြောင်းလုပ်နိုင်တယ်လို့ ယူဆနေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

ရာသီအစပိုင်းသာရှိနေသေးတဲ့အချိန်မှာ သူ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ပြီး အခုလိုပြောဆိုနေမှုတွေအပေါ် ဆိုးလ်ရှားက ဒေါသထွက်နေပြီး သူ လုပ်ပေးခဲ့တဲ့အရာတွေကို အားလုံးကမေ့လျော့နေတယ်လို့လည်း ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ အချိန်ပြည့်နည်းပြဘ၀မှာ ယူနိုက်တက်ဟာ ဆုဖလားတလုံးမှမရရှိခဲ့ဘဲ ယူရိုပါလိဂ်ဖလား ဒုတိယနေရာသာရရှိခဲ့ပါတယ်။ 


အသင်းကို သူ တည်ဆောက်ပေးခဲ့မှုတွေအတွက်လည်း ဆိုးလ်ရှားက အသိအမှတ်ပြုခံချင်နေကာ သူဆောင်ရွက်ပေးခဲ့မှုတွေက အသင်းကိုတိုးတက်စေခဲ့တယ်လို့လည်း အခိုင်အမာယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က