သူ့အမှားကို လုံးဝဝန်မခံခဲ့တာပါ။

ဆိုးလ်ရှားဟာ ဒဏ်ရာကပြန်လည်သက်သာလာတဲ့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကို ပြန်လည်အသုံးပြုခဲ့ရာမှာ မက်ဂွိုင်းယားရဲ့ အမှားအယွင်းတွေက တော်တော်လေးကို ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ 


လက်စတာကိုအဝေးကွင်းမှာ ၄-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူဟာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့မိတာမျိုးဖြစ်နိုင်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒီပွဲအတွက် ဆိုးလ်ရှားဟာ ဒဏ်ရာကပြန်လည်သက်သာလာတဲ့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကို ပြန်လည်အသုံးပြုခဲ့ရာမှာ မက်ဂွိုင်းယားရဲ့ အမှားအယွင်းတွေက တော်တော်လေးကို ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ 



သောကြာနေ့တစ်ရက်တည်းသာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းရသေးတဲ့ မက်ဂွိုင်းယားကို ဗာရန်းလည်းမပါဝင်နိုင်ချိန်မှာ ဆိုးလ်ရှားက ထည့်သွင်းခဲ့ပြီး လင်ဒီလော့ဖ်နဲ့ တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားကတော့ သူ ဒီပွဲကိုကစားဖို့ အသင့်မဖြစ်တဲ့ပုံစံကို ကွင်းအတွင်းမှာပြသခဲ့ပြီး ယူနိုက်တက်တို့ ပေးခဲ့ရတဲ့ သွင်းဂိုးအများစုမှာ သူ့ရဲ့အမှားတွေပါဝင်နေခဲ့ပါတယ်။ 

"သူ ဖြတ်သန်းခဲ့ရတဲ့အချိန်တွေပြီးတဲ့နောက် အသင်းနဲ့ ဟယ်ရီကို ကျွန်တော်ရွေးချယ်ခဲ့ပြီး ဘယ်လိုတုံ့ပြန်မှုမှမပြသခဲ့ပါဘူး၊ ၄ ဂိုးအထိ ခွင့်ပြုပေးခဲ့ရချိန်မှာ ကျွန်တော်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တချို့ကို ချမိခဲ့တာမျိုးဖြစ်နိုင်ပါတယ်၊ အရမ်းဆိုးရွားတဲ့ပုံစံနဲ့ သွင်းဂိုးလေးဂိုးအထိ ပေးခဲ့ရပြီး စွမ်းဆောင်ရည်ကလည်း အရမ်းနိမ့်ကျခဲ့သလို လုံလောက်မှုမရှိခဲ့ပါဘူး"

"မေဆွန်ရဲ့ အရမ်းကောင်းတဲ့သွင်းဂိုးတစ်ဂိုးနဲ့ ပွဲကိုစတင်နိုင်ခဲ့ပါတယ်၊ နောက်ထပ်ဂိုးရနိုင်မယ့် တံခါးကို ကန်ဖွင့်ဖို့လုပ်ခဲ့ပေမယ့် အဲဒီနောက်မှာ ကစားပုံအားနည်းသွားခဲ့ပြီး ပထမဆုံးဂိုးကို စိတ်ပျက်ဖွယ်ရာပေးလိုက်ရပါတယ်၊ သူတို့ကအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပြီး set pieces တွေကနေ ၂ဂိုးပေးလိုက်ရတာကလည်း အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်၊ ဘောလုံးမရှိချိန်မှာလည်း ကောင်းကောင်းမကစားနိုင်ခဲ့ဘူး"

"ပြေးလွှားနေဖို့၊ ပိတ်ဆို့ထားဖို့၊ ဖျက်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်၊ ဒါကို မလုပ်နိုင်ခဲ့ပါဘူး" လို့ ဆိုးလ်ရှားက Sky Sports က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲအရေးနိမ့်မှုဟာ ယူနိုက်တက်အတွက် နောက်ဆုံးငါးပွဲမှာ ၁ ပွဲသာအနိုင်ရရှိမှုလည်းဖြစ်လာခဲ့ပါတယ်။

Share

က္က