အသားအရေအတွက် ဒီအစားအစာတွေက တကယ်အထောက်အကူဖြစ်စေမှာပါ။

မိန်းကလေးတိုင်းအတွက် အရေးကြီးဆုံးက အသားအရည်ကျန်းမာနေစေဖို့ပဲဖြစ်ပါတယ်။ အများစုကတော့ ဒီအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေကို သီးသန့်ငွေကြေးအကုန်ကျခံပြီး ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း အခြေခံအစားအသောက်၊ အနေအထိုင်တွေနဲ့လည်း အသားအရည်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ သူမတူတဲ့အသားအရည်ကို ပိုင်ဆိုင်စေနိုင်ဖို့အတွက် စားသုံးသင့်တဲ့အရာတွေကို ဖော်ပြပေးချင်ပါတယ်။



၁။ သစ်ကြားသီး

သစ်ကြားသီးဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီတွေကို ပေးစွမ်းနိုင်ပြီး အိုမီဂါ 3 အဆီရဲ့ ပင်မအရင်းအမြစ်လည်းဖြစ်ပါတယ်။ စစ်တမ်းတွေအရ ဒီအဆီတွေဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးတာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံတွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်ဆုံးတွေ့ရှိထားတဲ့ သုတေသနပြုချက်တွေအရ အိုမီဂါ 3 ဖက်တီးအက်ဆစ်က အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့လည်း သိရပါတယ်။ သစ်ကြားသီးကိုတော့ မနက်စာအနေနဲ့ရော၊ အဆာပြေအဖြစ်နဲ့ပါ အပိုထည့်သွင်းစားသုံးနိုင်ပါတယ်။

Photo: Health Line

ထောပတ်သီး

ထောပတ်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီများ၊ Antioxidants နဲ့ ဗီတာမင်အီးတို့ ကြွယ်ဝစွာပါဝင်ပြီး အသားအရေအတွက် အကောင်းဆုံးအစားအသောက်တွေထဲက တခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ လေ့လာမှုတခုအရ ထောပတ်သီးပါဝင်တဲ့အဆီကြောင့် ထောပတ်သီးများများစားသုံးတဲ့သူတွေဟာ အသားအရေတင်းရင်းမှု သိသိသာသာတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အစိမ်းရောင်နဲ့အဝါရောင် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းကလည်း အရေးအကြောင်းတွေကို သိသိသာသာလျော့ကျစေပါတယ်။

ထောပတ်သီးမှာပါဝင်တဲ့ Bioavailable lutein နဲ့ Zeaxanthin ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်နဲ့ နေရောင်ခြည်ဒဏ်တွေကနေ သိသိသာသာ ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်လည်း မိန်းကလေးအများစုက ထောပတ်သီးစားသုံးရတာကို နှစ်သက်ကြတာကြောင့် ဖျော်ရည်လုပ်သောက်တာဖြစ်စေ၊ ဒီတိုင်း စားသောက်တာဖြစ်စေ အရေပြားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

Photo: Delish

အုန်းဆီ

ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့၊ အရေပြားရောင်ရမ်းခြင်းနဲ့ ယားယံခြင်းတို့ကို ကာကွယ်နိုင်ဖို့အတွက် အုန်းဆီက အရေးပါတဲ့ အရာတခုဖြစ်ပါတယ်။ ဒါ့အပြင် အုန်းဆီက အရေပြားအတွင်းအပြင် ကျန်းမာရေးကို အကျိုးရှိစေပြီး မလိုအပ်တဲ့ဘက်တီးရီးယားပိုးမွှားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ ဟင်းချက်ပြင်ဆင်တဲ့နေရာမှာ အုန်းဆီကိုထည့်သွင်းအသုံးပြုနိုင်ပြီး အသားအရေကို ရေဓာတ်နဲ့အစိုဓာတ်ပိုမိုရရှိစေရန် လိုအပ်သလို လိမ်းပေးနိုင်ပါတယ်။

Photo: BBC Good Food

ဘေဘီဂေါ်ဖီထုပ်

ဘရပ်ဆဲလ်ပင်ပေါက်လေးတွေကို ဘေဘီဂေါ်ဖီထုပ်လေးတွေလို့လည်း ခေါ်ကြပြီး ကိုက်လန်၊ ပန်းပွင့်၊ မုန်လာဥနဲ့ ပန်းဂေါ်ဖီတို့နည်းတူ အသားအရေအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ပါတယ်။ ဘေဘီဂေါ်ဖီထုပ်လေးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်စီတို့ မြင့်မားစွာပါဝင်ပြီး အရေပြားကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးလုံးပါဝင်ပါတယ်။ ပုံမှန်အတိုင်း ချက်ပြုတ်စားသောက်နိုင်ပြီး အရေပြားကျန်းမာရေးအတွက် အပန်းမကြီးတဲ့အပြင် အလွယ်တကူစားသောက်နိုင်တဲ့အရာလည်းဖြစ်ပါတယ်။

Photo: Specialty Produce

ဘလူးဘယ်ရီသီး။

ဘယ်ရီသီးအမျိုးအစားတွေထဲမှာ ဘလူးဘယ်ရီက အရေပြားကျန်းမာရေးအတွက် ပိုမိုအထောက်အပံ့ဖြစ်စေတဲ့ အသီးတမျိုးလည်းဖြစ်ပါတယ်။ ဒီအသီးတွေကို သဘာဝသကြားလုံးလို့လည်း ခေါ်ဆိုကြပါတယ်။ ဘလူးဘယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပြီး ဆဲလ်များပျက်စီးမှုကို နှေးကွေးစေတဲ့ ဓာတ်ပေါင်းတွေလည်းပါဝင်ပါတယ်။

Photo: Bustling Nest

ဒါ့အပြင် ဘေဘီဂေါ်ဖီထုပ်လေးတွေလိုမျိုးပဲ အရေပြားကျန်းမာရးအတွက် အထူးအရေးပါတဲ့ ဗီတာမင်စီနဲ့ဗီတာမင်အေတို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးနဲ့အတူ အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး အရေပြားမှာရှိတဲ့ ကော်လာဂျင်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖျော်ရည်အနေနဲ့ပဲဖြစ်ဖြစ်၊ ကိတ်မုန့်ထဲ၊ ပေါင်မုန့်ထဲထည့်သွင်းပြီးတော့ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် ဘလူးဘယ်ရီသီးကို အလွယ်တကူ စားသုံးနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က