ရိုမာရီယိုကတော့ လူငယ်တွေကို ကောင်းကောင်းပညာပြခဲ့တာပါ။

နာမည်ကျော်ဘရာဇီးလ်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုက ဘရာဇီးလ်ဂန္ထဝင်ရိုမာရီယိုရဲ့ သူ့အပေါ် အကွက်ဆင်ပြီး လှည့်စားခဲ့မှုနဲ့ပတ်သက်ပြီး ဖောက်သည်ချခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ သူတို့နှစ်ဦး အသင်းဖော်တွေအဖြစ် ကစားနေချိန်မှာ ဒိုကြီးက ဦးစားပေးကစားသမားဖြစ်နေခဲ့ပြီး ရိုမာရီယိုက သူ ပွဲထွက်ခွင့်ရအောင် ကြံစည်ခဲ့တာကို ပြန်လည်ပြောပြခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီအကြောင်းကို ရော်နယ်ဒိုက Twitch Show Bobo TV မှာ အီတလီတိုက်စစ်မှူးဟောင်းဗီယာရီ၊ ကာဆာနို၊ အဒီနီ၊ ဗန်တိုလာတို့နဲ့အတူ ပူးပေါင်းတင်ဆက်စဉ်မှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က လက်ရွေးစင်အသင်းမှာ နာမည်ကျော်ကြားပြီး သေချာပေါက်ပွဲထွက်ခွင့်ရနေတဲ့ ရော်နယ်ဒိုက ဘလွန်းဒီအောဆုကိုလည်း ဆွတ်ခူးထားပြီးဖြစ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ 


"ရိုမာရီယိုဆီကနေ ကျနော်အများကြီးသင်ယူခဲ့ရပါတယ်၊ အဲဒီ (ဆဲဆိုပြီးပြော) လူက လူငယ်ကစားသမားတွေကိုဆို သူ့ဖိနပ်တွေတိုက်ခိုင်း၊ ကော်ဖီတွေယူခိုင်းတာ၊ ၁၉၉၇ မှာ ကျနော်က အဓိကကစားသမားဖြစ်နေပြီ၊ ဘလွန်းဒီအောဆုလည်းရပြီးပြီ၊ ကိုပါအမေရိကဖလားပွဲအတွက် လေ့ကျင့်ခန်းဆင်းနေတဲ့အချိန်မှာ ရုတ်တရက်ကြီး သူက ကျနော့်ကို လာပြောတယ်၊ ငါတို့ညကျရင် အပြင်ထွက်မယ်၊ အသင့်လုပ်ထား၊ ဘာမှမစိုးရိမ်နဲ့တဲ့"

"သူက လှေကားတခုယူထားပြီးတော့ ဟိုတယ်နံရံကို ကျနော်တို့ကျော်တက်ခဲ့ကြတယ်၊ အဲဒီမှာ ကျနော်တို့စီးဖို့ ကားတစီးက အသင့်စောင့်နေတယ်၊ မနက် ၅ နာရီလောက်မှာ ကျနော်တို့ ပြန်ရောက်ခဲ့ပြီးတော့ နောက်တနေ့ လေ့ကျင့်ခန်းဆင်းတော့ ကျနော်တော်တော်လေး ပင်ပန်းခဲ့တယ်၊ အဲဒီမှာ ကျနော်နားလည်လိုက်တာက သူက ကျနော့်ကို ပင်ပန်းအောင်လုပ်ပြီး ကျနော့်ပွဲထွက်ခွင့်နေရာကို ရအောင်ယူဖို့ သူ ရည်ရွယ်ခဲ့တယ်ဆိုတာပဲ" လို့ ရော်နယ်ဒိုက ပြန်လည်ပြောပြခဲ့ပါတယ်။ 

ရိုမာရီယိုကလည်း အဆိုပါအချိန်မှာ နာမည်ကျော်ကြားနေတဲ့ ကစားသမားဖြစ်နေပေမယ့် အသင်းမှာ သူက ဦးဆောင်ကဏ္ဍကနေ ပါဝင်ချင်ခဲ့တယ်လို့ ယူဆရကြောင်း Give Me Sports က သုံးသပ်ခဲ့ပါတယ်။ 

Share

က္က