ဘရူနိုဖာနန်ဒက်စ်ကတော့ ဘောလုံးဆုံးရှုံးမှု အများဆုံး ကစားသမားဖြစ်ခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့ညက နယူးကာဆယ်နဲ့ တဖက်တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပွဲချိန်တလျှောက်လုံး ရုန်းကန်ခဲ့ရပြီး သရေတမှတ်ရဖို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ နယူးကာဆယ်အတွက် ပွဲကစားချိန်အစောပိုင်းမှာတင် မက်ဆီမင်က မထင်မှတ်ဘဲ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး လူစားဝင်တိုက်စစ်မှူး ကာဗာနီရဲ့ ချေပဂိုးကြောင့် ယူနိုက်တက်တို့ အဝေးကွင်းမှာ သရေတမှတ်ရရှိခဲ့တာပါ။



ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က သူ့အသင်းရဲ့ လူပေးမှားမှု၊ ဘောလုံးဆုံးရှုံးမှုတွေကို ထောက်ပြဝေဖန်ခဲ့ပြီး တကယ်တမ်းမှာလည်း ပွဲချိန်အတွင်း ယူနိုက်တက် ကစားသမားတွေရဲ့ လူပေးမှားမှုတွေ၊ ဘောလုံးဆုံးရှုံးမှုတွေကို မကြာခဏဆိုသလို မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ အချက်အလက်တွေအရတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဒီပွဲမှာ ဘောလုံးဆုံးရှုံးမှုအများဆုံး ကစားသမားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲကစားချိန် မိနစ် (၉၀) အတွင်း ယူနိုက်တက်တို့ ဘောလုံးဆုံးရှုံးမှုအရေအတွက်က (၁၆၇) ကြိမ်အထိ ရှိခဲ့ပြီး ဒါဟာ ဒီရာသီမှာ သူတို့အတွက် အများဆုံး အကြိမ်အရေအတွက်ဖြစ်ခဲ့တာပါ။

ဒီအထဲမှာမှ ဘရူနိုဖာနန်ဒက်စ်က (၂၆) ကြိမ်အထိ လူပေးမှား၊ ဘောလုံးဆုံးရှုံးခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့ ပေးခဲ့ရတဲ့ ဦးဆောင်ဂိုးမှာလည်း ဗဟိုနောက်ခံလူ ဗာရန်းခြေထောက်ထဲက ဘောလုံးကို လောင်းစတပ်ဖ်က လုယူပြီး မက်ဆီမင်ကို ဖန်တီးပေးရာကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒါလော့၊ ဆန်ချို၊ တွမ်မီနေး၊ တဲလက်စ်၊ မက်ဂွိုင်းရား၊ ဗာရန်း၊ ဖရက်ဒ်တို့ကလည်း နယူးကာဆယ်နဲ့ပွဲမှာ ဘောလုံးဆုံးရှုံးမှု (၁၀) ကြိမ်နဲ့အထက်ရှိခဲ့ပြီး တိုက်စစ်မှူး ရော်နယ်ဒိုက ဘောလုံးဆုံးရှုံးမှု (၉) ကြိမ်အထိ ရှိခဲ့တာပါ။

ဘောလုံးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကတ် (၅) ကတ်ပြည့်ခဲ့ပြီး ဘန်လေနဲ့ ကစားမယ့်ပွဲကို လွဲချော်ရဦးမှာလည်းဖြစ်ပါတယ်။ 

Share

က္က