ရိန်းဂျားစ်နဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲကစားခဲ့တာပါ။

PSV ကတော့ စကော့တလန်ကလပ် ရိန်းဂျားနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ Play-off အဆင့်ကို မနေ့က ကစားခဲ့ရပြီး တဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဟော်လန်သားနည်းပြနှစ်ဦးရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်ခဲ့ပြီး ဗန်ဘရွန်ခရော့စ်နဲ့ နစ္စတယ်ရွိုင်းတို့ရဲ့ ဟော်လန်မြေပေါ်က ဒုတိယအကျော့ကတော့ ပိုမိုပြီးအကြိတ်အနယ်ရှိလာမှာ သေချာနေပါပြီ။ 

ဒီပွဲကိုတော့ နစ္စတယ်ရွိုင်းရဲ့ ဆရာဟောင်းဖြစ်တဲ့ နာမည်ကျော်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ စကော့တလန်သားကြီးဖာဂူဆန်က သီးသန့်နေရာကနေ ဒီပွဲကို ကြည့်ရှုနေခဲ့တာဖြစ်​ပါတယ်။ နစ္စတယ်ရွိုင်းကတော့ နည်းစနစ်ညွှန်ကြားရေးဧရိယာထဲမှာ သူ့ရဲ့ ကိုင်တွယ်ပုံတွေကို ဆရာဖြစ်သူ မြင်တွေ့ခဲ့ရတဲ့အပေါ်မှာ ဂုဏ်ယူမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

"ကျနော် အသင်းကို စီမံခန့်ခွဲနေတာကို သူ မြင်တွေ့နေရတာကို အရမ်းဂုဏ်ယူမိတယ်၊ သူ ကောင်းကောင်းကျန်းမာနေလို့လည်း ကျနော်ဝမ်းသာပါတယ်၊ ကျနော်နဲ့သူ စကားတိုတိုတုတ်တုတ်ပဲ ပြောခဲ့ရပေမယ့် သူက နေကောင်းပြီး ကြည့်ကောင်းနေပါတယ်၊ သူ့မိသားစုလည်း နေကောင်းပါတယ်၊ အခုလိုမြင်တွေ့ရလို့ အရမ်းဝမ်းသာတာပဲလို့ ကျနော်ပြောခဲ့ပါတယ်"

"ကွင်းဘေးနားမှာ သူ ကျနော့်ကို မြင်ခဲ့တာက ဂုဏ်ယူစရာအခိုက်အတန့်ပါပဲ၊ သူ့ဆီကနေ ကျနော်အများကြီးသင်ယူခဲ့ရပါတယ်၊ နည်းပြတယောက်အနေနဲ့ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်တော့မယ်ဆိုရင် ခင်ဗျားနဲ့တွေ့ဆုံခဲ့ဖူးတဲ့ နည်းပြတွေကို ပြန်ပြီးတော့ မြင်ယောင်ရမယ်ဆိုတာက အသေအချာပဲ၊ သူတို့ဘာတွေလုပ်လဲ၊ အသင်းကို ဘယ်လိုဖွဲ့စည်းလဲ၊ ကစားပုံ၊ တဦးချင်းစီ စီမံခန့်ခွဲပုံ၊ သူ့ဆီကနေ ဒါတွေကို ကျနော်သင်ယူခဲ့ရပါတယ်" လို့ နစ္စတယ်ရွိုင်းက ပြောဆိုခဲ့ပါတယ်။ 

ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းဟာ သူ့လက်ထက်မှာ PSV ကို ရလဒ်ကောင်းအောင် ဆောင်ကျဉ်းပေးထားပြီး ဟော်လန်လိဂ်မှာလည်း ၂ပွဲကစားအပြီး ၂ ပွဲစလုံးအနိုင်ရရှိထားကာ ရဂိုး ၉ ဂိုးအထိ သူ့အသင်းက ရယူထားနိုင်ကာ တိုက်စစ်ပိုင်းကောင်းမွန်တဲ့အသင်းအဖြစ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က