အသ်းကထွက်ဖို့တောင်းဆိုခဲ့တယ်လို့ မနေ့ကပဲ ဝန်ခံခဲ့ပါတယ်။

မနေ့ကပဲ ဘတ်ပီက သူဟာ ဇူလိုင်လအတွင်းက အသင်းကနေ ထွက်ခွာဖို့ ပြောဆိုခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။



ပီအက်စ်ဂျီကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်လက်ရှိနေခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့တဲ့ ဘတ်ပီဟာ သူ ပြောင်းရွှေ့ကစားချင်တဲ့ အသင်းကိုလည်း ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ မနေ့ကပဲ ဘတ်ပီက သူဟာ ဇူလိုင်လအတွင်းက အသင်းကနေ ထွက်ခွာဖို့ ပြောဆိုခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။



အသင်းနဲ့စာချုပ်သက််တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် အလွတ်ထွက်ခွာတာမျိုးမလုပ်ချင်ဘဲ ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေးရစေချင်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကတော့ ဘတ်ပီကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး စာချုပ်သစ်အတွက် ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ကြိုးစားနေကြောင်း ယုံကြည်ရပါတယ်။ 

ပြင်သစ်သတင်းစာ L'Equipe နဲ့ အင်တာဗျူးမှာ ဘတ်ပီက "ကျွန်တော် ပီအက်စ်ဂျီမှာ ဆက်ရှိနေတုန်းပါ၊ တကယ်လို့ နွေရာသီမှာ ကျွန်တော်ထွက်ခွာခဲ့ရမယ်ဆိုရင် ကျွန်တော်သွားမယ့် တစ်ခုတည်းသောအသင်းက ရီးရဲလ်မက်ဒရစ်ပါပဲ၊ သြဂုတ်လမှာတော့ ကျွန်တော်ဆက်ကစားရမယ်လို့ သိရပြီး ဒီအတွက
် ပြသနာမရှိပါဘူး၊ ကျွန်တော်ဘာလို့ထွက်ခွာချင်ရတာလဲ၊ ဒီမှာ ကျွန်တော့်ရဲ့ စွန့်စားခန်းတွေ ပြီးဆုံးသွားလို့ ခံစားနေရပါတယ်"


"ကျွန်တော်ထွက်သွားလည်း ရီးရဲလ်ကိုပဲ ပြောင်းမှာပါ၊ ပီအက်စ်ဂျီကို စွန့်ခွာမှုက နောက်ထပ်ယုတ္တိရှိတဲ့ခြေလှမ်းတစ်ခုဖြစ်လာမယ်လို့လည်း ထင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပြီး ပြင်သစ်ရဲ့အကျော်ကြားဆုံးကွင်းလယ်ကြယ်ပွင့်ကာမာဗင်ဂါကို ခေါ်ယူနိုင်အပြီးမှာ ပြင်သစ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးကိုပါ ခေါ်ယူနိုင်ဖ်ို့ သေချာသလောက်ရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

Share

က္က