အင်္ဂလန်ကွင်းလယ်လူတစ်ဦးကို ခေါ်ယူခိုင်းခဲ့တာပါ။

ခရော့ချ်က ယူနိုက်တက်ကို ချန်ပီယံဆုအတွက် အသင့်မဖြစ်သေးဘူးလို့ ယုံကြည်နေပြီး သူ ညွှန်းဆိုခဲ့သူ နှစ်ဦးထဲက တစ်ဦးကို ရအောင်ခေါ်ယူနိုင်မှသာ ဆုဖလားရယူနို်င်မယ်လို့ ဆိုခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီကလန်ရိုက် ဒါမှမဟုတ် ကယ်လ်ဗင်ဖိလစ်တို့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်းပီတာခရော့ချ်က ပြောဆိုလိုက်ပါတယ်။ ခရော့ချ်က ယူနို်က်တက်ကို ချန်ပီယံဆုအတွက် အသင့်မဖြစ်သေးဘူးလို့ ယုံကြည်နေပြီး သူ ညွှန်းဆိုခဲ့သူ နှစ်ဦးထဲက တစ်ဦးကို ရအောင်ခေါ်ယူနိုင်မှသာ ဆုဖလားရယူနို်င်မယ်လို့ ဆိုခဲ့ပါတယ်။ 



ယူနိုက်တက်တော့ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ထိပ်ဆုံးအသင်းတွေနဲ့ ရမှတ်မတိမ်းမယိမ်းနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲနှစ်ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး ဆိုးလ်ရှားတစ်ယောက် ဝေဖန်မှုတွေခံနေရကာ ယူနိုက်တက်အနေနဲ့ ဒီလိုပုံစံမျိုးမှာ ဆုဖလားရယူနိုင်မှာမဟုတ်ဘူးလို့ အသင်းပရိသတ်တွေကပါ လက်ခံလာခဲ့ကြပါတယ်။ 


ပီတာခရော့ချ်ကတော့ "သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားစာရင်းရှိတယ်၊ နေရာတိုင်းမှာ ထိပ်တန်းအဆင့်၊ အရည်အသွေရှိတဲ့ ကစားသမားတွေချည်းပဲ၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတွေလို့တောင် ပြောလို့ရတယ်၊ ဒါပေမယ့် ရေရှည်ခိုင်မာတဲ့ စိန်ခေါ်မှုအတွက်တော့ အဆင့်သင့်မဖြစ်သေးဘူးဆိုတဲ့ ခံစားချက်မျိုး ကျွန်တော့်မှာရှိနေတယ်
"


"ဆိုးလ်ရှားက ဒီအသင်းနဲ့ ကလပ်ကို တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်၊ သူတို့ကို ကြည့်ရတာ ဒါကိုပဲ ပျော်ရွှင်နေပုံရတယ်၊ ထောင်ထောင်ထောင်ထောင်လုပ်နေပြီး ဆုဖလားအတွက်တောင် စကားထဲထည့်ပြောနေတယ်၊ ဆိုးလ်ရှားအနေနဲ့ ဆုဖလားစိန်ခေါ်နိုင်ဖို့ လုပ်ရမယ်အရာတစ်ခုကို လုပ်ဖို့ပျက်ကွက်ခဲ့ရင်တော့ အရမ်းအံ့အားသင့်စရာကောင်းမှာပါပဲ၊ အဲဗာတန်က ဒါကို သက်သေတချို့ပြခဲ့ပါတယ်
"


"သူ့အနေနဲ့ ဒီကလန်ရိုက် ဒါမှမဟုတ် ကယ်လ်ဗင်ဖီးလစ်တို့ကို ခေါ်ယူသင့်ပါတယ်၊ ဒီအတွက် ငွေအများကြီးသုံးစွဲရမှာဖြစ်ပေမယ့် သူတို့အသင်းကို အရမ်းတောင့်တင်းသွားစေမှာပါ၊ သူတို့မှာ ဗဟိုကွင်းလယ်ကစားသမားမရှိဘူး၊ ဒါကြောင့်ပဲ သူတို့အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မယ်ဆိုတာကို ကျွန်တော်မယုံကြည်တာပါ" လို့ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြသွားခဲ့ပါတယ်။ 

Share

က္က