ရော်နယ်ဒိုလည်း တော်တော်အံ့အားသင့်ခဲ့ပုံရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သူ့ဆီကနေ ဘလွန်းဒီအောဆုတခုကို တောင်းဆိုခဲ့တဲ့ စပို့တင်းလစ္စဘွန်းအကယ်ဒမီကြယ်ပွင့်ဟောင်းတဦးကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ ၂၀၀၀ ပြည့်နှစ်ကျော် ကာလတွေတုန်းက ပေါ်တူဂီမှာ လူငယ်ကြယ်ပွင့်တဦးအဖြစ် ကျော်ကြားခဲ့တဲ့ ဖေဘီယိုပါအမ်က ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ဘလွန်းဒီအောဆုတွေထဲက တခုကို သူ့အတွက်ပေးသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

ပါအမ်ဟာ နာမည်ကျော်ကြားလာမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့်လည်း ကစားသမားဘ၀ကတော့ မအောင်မြင်ခဲ့ပါဘူး။ သူဟာ စပို့တင်းအသင်းကြီးအတွက်တောင်မှ ကစားပေးခဲ့ရခြင်းမရှိခဲ့ဘဲ အသင်းပေါင်း ၆ သင်းမှာ အငှားသွားကစားခဲ့ရပါတယ်။ အဲဒီထဲမှာ ချယ်လ်ဆီးလည်း ပါဝင်ခဲ့ပြီး အဲဒီမှာလည်း သူက အဓိကပွဲတပွဲမှ မကစားခဲ့ရဘူးလို့ သိရပါတယ်။ 

PT Clipes က ပြုလုပ်ခဲ့တဲ့ podcast မှာ ပါအမ်က သူဟာ ရော်နယ်ဒိုရခဲ့တဲ့ ဘလွန်းဒီအောဆု ၅ လုံးထဲက တခုတော့ ရသင့်တဲ့သူလို့ ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဦးနှောက်တဝက်လောက်ပဲ သူ ပိုင်ဆိုင်ခဲ့ရင်တောင် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ တန်းတူရှိခဲ့မှာလို့လည်း အခိုင်အမာပြောဆိုခဲ့ကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ 


ပါအမ်က podcast မှာ "ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ဘလွန်းဒီအောတခုကို ကျနော့်ဆီ ပေးသင့်ပါတယ်၊ ကျနော်က စပို့တင်းကို ၇ နှစ်ကတည်းက ရောက်ခဲ့တာပါ၊ အဲဒီမှာ ကြီးပြင်းလာခဲ့တယ်၊ ကျနော်ရောက်သင့်တဲ့‌နေရာကို မရောက်ခဲံပေမယ့် မျိုးဆက်တခုကိုတော့ အမှတ်အသားပြုနိုင်ခဲ့တာပါ၊ တကယ်လို့်သာ ကျနော့်မှာ ရော်နယ်ဒိုရဲ့ ဦးနှောက်မျိုး တဝက်ပဲရှိရင်တောင် ရော်နယ်ဒိုနဲ့ မက်ဆီတို့ပဲ ရှိမှာမဟုတ်ပါဘူး၊ ကျနော်တို့ ၃ ယောက် ဖြစ်နေမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

သူ့ရဲ့ ဒီလိုပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောင်္ကမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ "ဘာလဲဟ၊ အဲဒီကောင်က ဘယ်သူလဲ" လို့ တအံ့တဩနဲ့ ရေးရတဲ့အထိတောင် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ပါအမ်ကို မသိဘူးလို့ ပြောခဲ့ပေမယ့် ပရိသတ်တချို့ကတော့ ၂၀၀၃ တုန်းက ယူနိုက်တက်ကို ရော်နယ်ဒို ပြောင်းရွှေ့ပြီးနောက် "ကျနော်က ကောင်းမွန်တယ်လို့ ထင်နေတယ်ဆိုရင် ပါအမ်ထွက်ပေါ်လာတာကို စောင့်ကြည့်ပါ" လို့ ပြောဆိုခဲ့ဖူးကြောင်း ထောက်ပြနေကြပါတယ်။ 


Share

Loading Next Article...
က္က