တော်တော်လေးကို လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအတွက် ပထမဆုံးကစားပေးတဲ့ပွဲမှာပဲ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးပေးကာ သွင်းဂိုး ၃ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တဲ့ ရာဖင်ဟာကတော့ အခုကစားနေတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာလည်း အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါပြီ။ လိဒ်ယူနိုက်တက်ကြယ်ပွင့်ဟောင်းအတွက်တော့ အသင်းသစ်မှာ ၂ ပွဲဆက်တိုက်ဂိုးရခဲ့တာဖြစ်ပြီး ပုံမှန်ကစားခွင့်တနေရာကို ရယူနိုင်ဖို့ နိးစပ်လာခဲ့ပါပြီ။ 

အမေရိကမှာ ကစားနေတဲ့ ဒီခြေစမ်းပွဲမှာ နှစ်သင်းစလုံးက ကစားသမားသစ်တွေကို အသုံးပြုခဲ့ပါတယ်။ ရီးရဲလ်က ချူအာမန်နီ၊ ရူဒီဂါတို့ကို ထည့်သွင်းခဲ့သလို ဟာဇက်ကို False 9 ပုံစံထားကစားခဲ့ပါတယ်။ ဘာကာကလည်း အသစ်စက်စက်တိုက်စစ်မှူးလီဝန်ဒေါစကီးပါဝင်လာခဲ့ပြီး အန်ဆူဖာတီ၊ ရာဖင်ဟာတို့နဲ့ တိုက်စစ်ပိုင်းကို တည်ဆောက်ခဲ့ပြီး ရီးရဲလ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့တာပါ။ 




ပွဲကစားချိန် ၂၇ မိနစ်မှာ ရီးရဲလ်ခံစစ်ပိုင်းက လူပေးမှားခဲ့ပြီး ရာဖင်ဟာဆီကို ရောက်ခဲ့ရာမှာ ဧရိယာဘီးကုပ်ထိပ်နားလောက်ကနေ ရာဖင်ဟာက ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ကော်တွိုက်စ်ဘာမှမတတ်နိုင်ပဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက်ပိုကောင်းတယ်လို့ ပြောခဲ့တဲ့ ရာဖင်ဟာက သူ့တာဝန်သူကျေခဲ့ပြီဖြစ်ပါတယ်။ 

ဒီခြေစွမ်းကိုသာ ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ရာဖင်ဟာက ဇာဗီရဲ့ အဓိကကစားသမားတဦးအဖြစ်ဖြစ်လာဖို့ ရှိနေပြီး ရာသီသစ်မှာ ပုံမှန်ကစားခွင့်ရမှာ သေချာနေပြီဖြစ်ပါတယ်။ တော်တော်လေးလှပပြီး အဆင့်အတန်းရှိတဲ့ သွင်းဂိုးတဂိုးကို မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ကစားသမားသစ်ရူဒီဂါကို ဘယ်ခံစစ်လူအဖြစ်အသုံးပြုခဲ့ပြီး ကစားကွက်ပိုင်းအရတော့ ဘာစီလိုနာကို ယှဉ်ကစားဖို့အခက်တွေ့နေခဲ့ပါတယ်။


Share

Loading Next Article...
က္က