အင်စတာဂရမ်ကတဆင့် ရေးသားပြောဆိုခဲ့တာပါ။

သားဖြစ်သူအပေါ် ဝေဖန်ပြစ်တင်မှုတွေ၊ လှောင်ပြောင်မှုတွေ အများအပြား ပြုလုပ်ခံရမှုတွေ ရှိခဲ့တဲ့နောက် ဟယ်ရီမက်ဂွိုင်းယားရဲ့ မိခင်ဖြစ်သူဟာ သားဖြစ်သူဘက်က ကာကွယ်ရပ်တည်ပေးကာ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

ယူနိုက်တက်မှာလည်း ခြေစွမ်းမပြနိုင်သလို အမှားတွေ ကျူးလွန်နေတဲ့ မက်ဂွိုင်းယားဟာ အင်္ဂလန်အတွက် ကစားပေးချိန်မှာလည်း ကိုယ့်ဂိုးကိုယ်သွင်းတာ၊ လူမှားကပ်မိတာတွေလုပ်ခဲ့လို့ လှောင်ပြောင်ခံနေခဲ့ရတာပါ။ ဒီလိုမျိုး လှောင်ပြောင်ခံရမှုတွေအတွက် အင်္ဂလန်နည်းပြဆောက်ဂိတ်က ကာကွယ်ပေးခဲ့သလို အခုအခါ မိခင်ဖြစ်သူပါ ပါဝင်လာခဲ့တာပါ။ 

ဇိုးမက်ဂွိုင်းယားက သူမရဲ့ အင်စတာဂရမ်ကတဆင့် "တချို့ပရိသတ်တွေဆီက အဆိုးမြင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပြုတာတွေကို အမေတယောက်အနေနဲ့ မြင်ရတဲ့အခါမှာ ဒါကို လက်မခံနိုင်ပါဘူး၊ ပရိသတ်တွေ၊ ဝေဖန်သုံးသပ်သူတွေနဲ့ မီဒီယာတွေက ကျက်သရေမဲ့လွန်းတယ်"

"ငါကတော့ သူ့ဘကက်နေ ထုံးစံအတိုင်း ရပ်တည်ပေးနေမှာပါ၊ ဘောလုံးလောကမှာ အတက်အကျ၊ အပြုသဘောဆောင်တာ၊ အနုတ်လက္ခဏာဆောင်တာတွေ ရှိတာကို နားလည်ပေမယ့် ဟယ်ရီရရှိခဲ့တဲ့ အရာတွေက ဘောလုံးဆိုတဲ့ အတိုင်းအတာထက်ကို ကျော်လွန်နေပြီ"

"သူ ဒီလိုဖြတ်သန်းနေတာကို မြင်ရတာ အဆင်မပြေဘူး၊ ဟယ်ရီက ကြီးမားတဲ့ နှလုံးသားရှိတယ်၊ စိတ်ဓာတ်ကြံ့ခိုင်တယ်၊ အခြားသူတွေ မတတ်နိုင်တာမျိုးကို သူ ကိုင်တွယ်နိုင်တယ်၊ သူ့အပေါ်ကို ဘယ်သူကမှ ဒီလိုတွေေမစော်ကားစေချင်ဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားပေးနေရတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က