အမှန်တရားကို အားလုံးသိသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုကတော့ သူနဲ့ပတ်သက်တဲ့သတင်းမှားတ​ွေကို ပြန်လည်ဖြေရှင်းဖို့အတွက် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လာမယ့် နှစ်ပတ်အတွင်းမှာ အင်တာဗျူးပြုလုပ်သွားမယ်လို့သိရပြီး အမှန်တရားကို အားလုံးသိအောင်ပြောပြမယ်လို့လည်း အင်စတာဂရမ်မှာ ပရိသတ်တဦးကို တုံ့ပြန်ပြောဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 



ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတသင်းဆီပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အသင်းမပြောင်းရွှေ့သေးနိုင်ဖြစ်နေပြီး အသင်းရှာဖွေနေရဆဲဖြစ်ကာ တော်တော်လေးတော့ ခက်ခဲတဲ့ အနေအထားတခုကို ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်အတွက် ပါဝင်ကစားပေးနေဆဲဖြစ်ပေမယ့် အသင်းရဲ့ အရှက်ရဖွယ်ရှုံးနိမ့်မှုတွေက ရော်နယ်ဒိုအတွက် ပိုပြီးစိတ်ပျက်စရာဖြစ်နေခဲ့ရပါတယ်။ 

အင်စတာဂရမ်ပ​ေါ်မှာ ပရိသတ်တဦးရဲ့အကောင့်ကို ရော်နယ်ဒိုက တုံ့ပြန်ခဲ့ရာမှာ "မီဒီယာတွေက လိမ်ညာပြောဆိုနေတယ်" လို့ ရေးသားပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုက "လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အင်တာဗျူးလုပ်တဲ့အချိန်မှာ အမှန်တရားကို သူတို့သိပါလိမ့်မယ်၊ မီဒီယာတွေက လိမ်ညာပြောဆိုနေတာပါ၊ ကျနော့်မှာ မှတ်စုစာအုပ်တအုပ်ရှိတယ်"

"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျနော်နဲ့ပတ်သက်ပြီ​းတော့ သူတို့ဖော်ပြခဲ့တာ သတင်းအပုဒ်ပေါင်း ၁၀၀ ကို ကျနော်မှတ်သားခဲ့ပါတယ်၊ ဒါပေမယ့် အမှန်တရားက ၅ ပုဒ်ပဲ ပါခဲ့ပါတယ်၊ ဘယ်လိုတောင်မှလဲဆိုတာ စဉ်းစားကြည့်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုအရ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း ရော်နယ်ဒိုက အင်တာဗျူးလုပ်ဖို့ရှိနေကာ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဖွင့်ဟသွားမယ်လို့ ယူဆရပါတယ်။ 

ရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကတော့ သူ့ရဲ့ကစားသမားအတွက် အသင်းသစ်ရှာဖွေပေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အသင်းအများစုက ငြင်းဆန်ခဲ့တယ်လို့ သတင်းဌာနတွေဖော်ပြခဲ့ကြပြီး ဒီဖော်ပြခဲ့မှုတွေက မှန်လားမမှန်လားဆိုတာကို မကြာခင်မှာ သိရတော့မယ်လို့လည်း ယူဆရပါတယ်။ 

Share

Loading Next Article...
က္က