အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ဂိုးမရတာကို စိတ်ပျက်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၁နဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက အဆိုပါပွဲမှာ သူတို့အသင်းအနိုင်ရရှိခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ကတော့ ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာ ၅ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး ရှုံးပွဲမရှိတဲ့ စံချိန်ကျိုးပျက်သွားခဲ့ကာ ခါးသီးတဲ့ရလဒ်ကိုတခုကို လက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ကတော့ ၄ ပွဲဆက်တိုက်အနိုင်ရရှိပြီး အဆင့် ၅ နေရာမှာဆက်ရှိနေပေမယ့် ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၃ မှတ်သာကွာဟတော့တဲ့အအေနအထားလည်းဖြစ်ပါတယ်။ အာတီတာက သူတို့အသင်း အခွင့်အရေးအများအပြားကို ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်တာကြောင့် စိတ်ပျက်မိရတယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ 

"ဒီပွဲကို အရေးနိမ့်ခဲ့လို့ ကျနော် တကယ်စိတ်ပျင်္ကရပါတယ်၊ ကျနော်တို့ ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီးတော့ လွှမ်းမိုးနိုင်ခဲ့တာပါ၊ အခွင့်အရေးတွေ တခုပြီးတခုဖန်တီးနိုင်ခဲ့ပေမယ့်လည်း ပွဲကိုတော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး၊ ဘယ်လိုအခိုက်အတန့်မှာမဆို သူတို့ကို နေရာလွတ်တွေ ပေးခဲ့ရင်တော့ ကျနော်တို့ကို နာကျင်အောင်လုပ်သွားမှာပဲ ၊ သူတို့က အခွင့်အရေးကြီး ၃ ကြိမ်ရခဲ့ပြီး ၃ ဂိုးသွင်းသွားခဲ့တာပါ"

"ကျန​ော်တို့က အခွင့်အရေးအများကြီးရခဲ့ပေမယ့်လည်း လုံလောက်တဲ့ဂိုးမသွင်းနိုင်ခဲ့ဘူး၊ ပထမပိုင်း ၁၈ မိနစ်လောက်အထိ ကျနော်တို့ အခက်တွေ့ခဲ့ပေမယ့် အဲဒီလောက်မှာတော့ အရာအားလုံးက ကျနော်တို့လွှမ်းမိုးထားခဲ့တာပါ၊ ၁-၁ ဖြစ်သွားပြီးချိန်မှာတော့ ကျနော်တို့ တကယ်ခက်ခဲ့နေရာတွေမှာ ဘောလုံးတွေဆုံးရှုံးပြီး မလိုအပ်တဲ့ဧရိယာမှာ ဘောလုံးကစားခဲ့ပြီး သူတို့က ပေးပို့မှုတကြိမ်တည်းနဲ့ ကျော်ဖြတ်သွားခဲ့တယ်" လို့ အာတီတာက ပြောဆိုသွားခဲ့ပါတယ်။ 

ဒီပွဲမှာတော့ အာဆင်နယ်ဟာ မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း VAR ပြန်ကြည့်ခဲ့ပြီးနောက် မာတင်နယ်လီဘောလုံးမရခင်မှာ အိုဒီဂတ်က အဲရစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ဆိုကာ ဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။ အာဆင်နယ်ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ်အုပ်စုအဆင့်ဖွင့်ပွဲအဖြစ် ဇူးရစ်နဲ့ ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က