ဇာဗီလက်အောက်မှာ ပုံမှန်ကစားခွင့် ဆုံးရှုံးနေရသူပါ။

ဘာစီလိုနာအသင်းရဲ့ ညာအစွန်နောက်ခံလူဆာဂျင်နိုဒက်စ်ဟာ နူးကမ့်မှာမပျော်မရွှင်ဖြစ်နေပြီး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၁နှစ်အရွယ် အမေရိကန်လက်ရွေးစင်ကို ၂၀၂၀ အောက်တိုဘာလမှာ ပေါင် ၂၃.၈ သန်းနဲ့ ဘာစီလိုနာက ခေါ်ယူခဲ့တာဖြစ်ပြီး ရော်နယ်ကိုးမန်းလက်ထက်မှာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အသင်းကို သူရောက်ပြီး တနှစ်အကြာမှာတော့ ကိုးမန်းထုတ်ပယ်ခံခဲ့ရပြီး နည်းပြသစ်ဇာဗီလက်ထက်မှာတော့ ဒက်စ်က နေရာပျောက်ဆုံးနေခဲ့ပါတယ်။ သူ့အစား ဇာဗီက မီဂွယ်ဇာ၊ အာအူယိုနဲ့ ဆာဂျီရောဘတ်တိုတို့ကို ညာခံစစ်နေရာမှာ အသုံးပြုနေခဲ့လို့ ကစားသမားက အသင်းမှာ မပျော်ပိုက်တော့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် ဝါရင့်ကစားသမားကြီး ဒန်နီအဲဗက်စ်ကလည်း အသင်းကိုပြန်ရောက်လာခဲ့လို့ ဒက်စ်က နေရာရဖို့ပိုမိုခက်ခဲလာခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ကတ်တလန်အခြေစိုက်သတင်းဌာနက ဖော်ပြခဲ့ပြီး ယူရိုသန်း ၃၀ ခန့်နဲ့ ကမ်းလှမ်းခဲ့ပါက ဘာစီလိုနာက ရောင်းချသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

ကစားသမားရဲ့ ဆန္ဒကို ကလပ်အသင်းဘက်က လိုက်လျောပေးဖို့ရှိနေတာဖြစ်ပြီး ဇန်နဝါရီကာလအတွင်းမှာပဲ ဖြစ်လာနိုင်ချေရှိနေပါတယ်။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်ကို အရေးနိမ့်ပြီး ယူရိုပါလိဂ်ကို ဆင်းကန်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ ၂၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ဘာစီလိုနာတို့ လှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က