အာဆင်နယ်ကတော့ မန်စီးတီးရဲ့ ခြေမှန်နေမှုကြောင့် ဖိအားတွေ တိုးတိုးလာပါပြီ။

မန်စီးတီးကတော့ အမှတ်ပေးဖလားအတွက် အမှားကိုမခံတော့ပါဘူး။ ဒီနေ့ပွဲမှာလည်း လိဒ်ကို ဂန်ဒိုဂန်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ပထမပိုင်းမှာပဲ ဦးဆောင်ခဲ့ပြီး ပွဲကို သက်သက်သာသာပဲ ကစားသွားခဲ့ပါတယ်။ တပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူနိုင်ခဲ့ပြီး သူတို့ရဲ့ တည်ငြိမ်မှုကိုပါ ပြသခဲ့ကာ လိဒ်နည်းပြသစ် ဆမ်အလာဒိုက်ကို အဖွင့်ပွဲမှာပဲ ရှုံးပွဲတွေ့စေခဲ့ပါတယ်။ 



ပထမပိုင်းမှာ ဟာလန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ ဂိုးမရပေမယ့်လည်း သူတို့အတွက်ကတော့ ပူစရာမရှိခဲ့ပါဘူး။ မာရက်ဇ်ရဲ့ ဖန်တိးမှုနှစ်ကြိမ်ကနေ ဂန်ဒိုဂန်က နှစ်ဂိုးရခဲ့တာပါ။ ဒီနိုင်ပွဲက မန်စီးတီးရှုံးဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အတွက်တော့ စိတ်ပျက်စရာကောင်းခဲ့မှာပါ။ ဒါပေမယ့် မန်စီးတီးကို ဟန့်တားနိုင်မယ့် အသင်းမရှိတာမို့ ပြိုင်ဘက်ခြေချော်တာကို အာဆင်နယ်တို့ အခွင့်အရေးရယူနိုင်တာမျိုး မရှိခဲ့ပါဘူး။ 


ဒုတိယပိုင်းမှာ မန်စီးတီးကပဲ အသာစီးနဲ့ကစားပြီး ပင်နယ်တီရခဲ့ပေမယ့် ဂန်ဒိုဂန် မဝင်ခဲ့လို့ ဟက်ထရစ်ရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီလွဲချော်ပြီးမကြာခင်္ငမှာပဲ လိဒ်က ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့လို့ လက်ကျန်မိနစ်အနည်းငယ်က စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့်လည်း မန်စီးတီးက ထိန်းကစားနိုင်ခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲရှိပေမယ့် မန်စီးတီးက အမှတ်ပေးပွဲကိုလည်း အာရုံစိုက်မပျက်ခဲ့ပါဘူး။ ပြိုင်ဘက်ကို ဖိဖိစိးစီးနဲ့ ကစားခဲ့ပြီး နိုင်ပွဲရအောင် ယူနိုင်ခဲ့ပါတယ်။ ဆမ်အလာဒိုက်ရဲ့ လိဒ်ယူနိုက်တက်ကတော့ အီတီဟတ်မှာ ဘာဆိုဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရပြီး တန်းမဆင်းရဖို့အတွက် အသားကုန်ရုန်းရတော့မှာလည်းဖြစ်ပါတယ်။ မန်စီးတီးကတော့ နသန်အကီဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ရီးရဲလ်နဲ့ပွဲကို ပါဝင်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါဥိးမယ်။




Share

Loading Next Article...
က္က