မနေ့က ကစားခဲ့တဲ့ပွဲမှာ ၁-၁ သရေကျခဲ့တာပါ။

ထိုင်းနဲ့ တဂိုးစီသရေကျခဲ့ပြီးနောက် ပွဲရလဒ်အတွက် စိတ်ပျက်မိရတယ်လို့ တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောဆိုခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ဂိုးနဲ့ တောင်ကိုရီးယားတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ထိုင်းက ချေပဂိုးသွင်းယူခဲ့ကာ အဝေးကွင်းမှာ အဖိုးတန်သရေတမှတ်ကို ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီပွဲသရေကျခဲ့ပေမယ့် တောင်ကိုရီ့းယားဟာ ရမှတ် ၇ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဆက်လက်ရှိနေခဲ့ပြီး ထိုင်းကတော့ ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရှိကာ နောက်ထပ် ၃ ပွဲစီကစားဖို့ရှိပါသေးတယ်။ အာဆီယံအသင်းဖြစ်တဲ့ ထိုင်းအတွက် အဝေးကွင်းမှာ အာရှထိပ်သီးအသင်းကို သရေကစားနိုင်ခဲ့တာက တကယ်ဂုဏ်ယူဖွယ်ရာ ကောင်းခဲ့ပါတယ်။ 


ဆွန်ဟောင်မင်က "အဆုံးအဖြတ်ဖြစ်နိုင်မယ့် ဂိုးတွေကို လွဲချော်ခဲ့တာပါ၊ ဒီပွဲက ခက်ခဲခဲ့တယ်၊ ဂိုးပြန်ပေးလိုက်ရပြီးနောက် ကစားရတာ ပိုခက်သွားပါတယ်၊ ကံဆိုးစွာနဲ့ ကျနော်တို့ အနိုင်မရခဲ့ပါဘူး၊ ရလဒ်အတွက် အရမ်းစိတ်ပျက်ရပေမယ့်လည်း အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေရှိခဲ့လို့ ကျေးဇူးတင်ပါတယ်"

"ထိုင်းမှာ သွားကစားရမယ့်ပွဲက ပိုခက်ပါလိမ့်မယ်၊ ဒီပွဲထက်တောင်မှ ခက်ပါလိမ့်မယ်၊ ကျနော်တို့ တိုးတက်မှုတွေရှိတယ်ဆိုတာကို အရင်ဆုံးမြင်ထားဖို့လိုတယ်၊ အဲဒီပွဲအတွက် ကောင်းကောင်းပြင်ဆင်သွားမှာပါ၊ ထိုင်းအသင်း စွမ်းဆောင်ရည်က လေးစားစရာကောင်းခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။


သူတို့နှစ်သင်းဟာ ရာဇမင်္ဂလာကွင်းမှာ မတ်လ ၂၆ ရက်နေ့ ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က