၂၀၁၈ တုန်းက အေတီကိုဥက္ကဌဖြစ်သူ ပြောဆိုခဲ့တာပါ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရတော့မှာ သေချာသွားခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်စားချေခွင့်ပြန်လည်ရရှိတော့မှာဖြစ်ပါတယ်။ သူတို့နှစ်သင်းဟာ နောက်ဆုံးအကြိမ်အဖြစ်ရင်ဆိုင်ခဲ့ရတာက ၁၉၉၁ ခုနှစ်က Cup Winner's Cup ပြိုင်ပွဲမှာဖြစ်ပြီး ထိုစဉ်က ဖာဂူဆန်ရဲ့အသင်းက ၄-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

အဆိုပါအချိန်ကတည်းက သူတို့နှစ်သင်း ထပ်မံရင်ဆိုင်ရခြင်းမရှိတော့တာဖြစ်ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဌဖြစ်သူ အင်းနရစ်ဆီရီဇိုက ၂၀၁၈ ခုနှစ်အတွင်းမှာ ယူနိုက်တက်ကို အသင်းငယ်လေးလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ယူနိုက်တက်ဟာ အက်သလက်တီကိုကစားသမား ဂရစ်မန်းကို ခေါ်ယူဖို့ ဆက်သွယ်နေတဲ့အချိန်ဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့က ဖြစ်ပေါ်မလာခဲ့ပါဘူး။ 

ဒါ့အပြင် ၂၀၁၄ ခုနှစ်က လူး၀စ္စဗန်ဂါးလ်ကို နည်းပြအဖြစ်မခန့်အပ်ခင်မှာ ယူနိုက်တက်က ဆီမြွန်နီကို စိတ်ဝင်စားခဲ့ဖူးပါတယ။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဆီရီဇိုကို မေးမြန်းခဲ့ရာမှာတော့ သူက "မန်ချက်စတာယူနိုက်တက်လား? အသင်းငယ်လေးပါ၊ ဂရစ်မန်းနဲ့ ဆီမြွန်နီတို့လို လူတွေက သူတို့လက်မှတ်ထိုးထားတဲ့ စာချုပ်အပေါ်မှာ တန်ဖိုးထားမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်" လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

အခုအခါမှာ ယူနိုက်တက်အနေနဲ့ သူတို့ကို အသင်းငယ်လေးလို့ ခေါ်ဝေါ်ခဲ့တဲ့ ဆီရီဇိုကို လက်စားချေဖို့ အခွင့်အရေးရလာခဲ့ပြီလို့ Mirror က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက်လည်း အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရတိုင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးရော်နယ်ဒိုကို ပိုင်ဆိုင်ထားပြီး ပေါ်တူဂီသားက ၃၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၂၅ ဂိုးအထိ သွင်းယူခဲ့ပြီး ဟက်ထရစ် ၄ ကြိမ်အထိ ရရှိထားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က