ဒီနေ့မှာ မန်ချက်စတာဒါဘီပွဲ ကစားကြမှာပါ။

လီဗာပူးလ်ကို ၅-၀ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာ ၁၃ ရက်သာ ကြာမြင့်သေးတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကို ဆေးလ်ဗားက သတိပေးစကားဆိုလိုက်တာလည်းဖြစ်လာခဲ့ပါတယ်။ 


မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက သူတို့အသင်းအနေနဲ့လည်း ယူနိုက်တက်ကို ၅ ဂိုးအထိ သွင်းယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ လီဗာပူးလ်ကို ၅-၀ နဲ့ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာ ၁၃ ရက်သာ ကြာမြင့်သေးတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကို ဆေးလ်ဗားက သတိပေးစကားဆိုလိုက်တာလည်းဖြစ်လာခဲ့ပါတယ်။ 



ဒီနေ့မှာ မန်ချက်စတာဒါဘီပွဲအဖြစ် ကစားရဖို့ရှိနေပြီး ဒီပွဲမတိုင်ခင် အခုလိုပြောဆိုခဲ့မှုက ပွဲကိုပိုပြီးတော့ လှုပ်ခတ်လာစေခဲ့ပါတယ်။ နည်းပြဂွာဒီယိုလာက သူတို့အနေနဲ့ လီဗာပူးလ်လိုမျိုး ကစားနိုင်ဖို့ကို ပုံတူပွားဖို့မလွယ်ကူကြောင်းနဲ့ ကစားသမားကွာခြားမှု၊ ကစားဟန်မတူမှုတွေကြောင့်ဖြစ်လာဖို့မလွယ်ကူဘူးလို့ ဆိုထားပေမယ့် ဘာနာဒိုဆေးလ်ဗားကတော့ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"အာရုံစူးစိုက်မှုကောင်းမွန်ပြီး ကောင်းကောင်းကစားနိင်တဲ့အခါမျိုးမှာ တစ်ပွဲကို လေးငါးဂိုးလောက်အထိ သွင်းယူနိုင်တဲ့ အသင်းတစ်သင်းဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်၊ ပွဲအားလုံးတော့ မဖြစ်နိုင်ဘူးပေါ့၊ ဒါပေမယ့် အရမ်းကောင်းတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သိနေပေမယ့် ကျွန်တော်တို့ အိုးထရက်ဖို့ဒ်မှာ ရသလောက်ဂိုးသွင်းသွားမှာပါ" လို့ ဘာနာဒိုဆေးလ်ဗားက ဆိုပါတယ်။ 

မန်စိးတီးဟာ ယူနိုက်တက်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၇ ကြိမ်မှာ ၂ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ အဆိုပါနှစ်ပွဲကလည်း ကာရာဘောင်းဖလားပွဲတွေဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားက "ဒါဘီပွဲတစ်ပွဲကိုအနိုင်ရတာက အရမ်းကောင်းတဲ့ခံစားမှုပါပဲ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ခံစားချက်ကအတူတူပဲ၊ ပေါ်တူဂီကနေ ကျွန်တော်လာခဲ့တယ်၊ ဘင်ဖီကာမှာ ကြီးပြင်းခဲ့ပြီးတော့ စပို့တင်းလစ္စဘွန်းကိုအနိုင်ရတာမျိုးက တရာသီလုံးရဲ့ အကောင်းဆုံးပွဲပဲ"

"ကျွန်တော်တို့အတွက်တော့ မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် လီဗာပူးလ်တို့ကို အနိုင်ရတာကလည်း ထူးခြားတဲ့အရသာကို ခံစားလိုက်ရတာမျိုးဖြစ်ပါတယ်၊ အားလုံး ဒီလိုပဲဖြစ်မယ်လို့ ကျွန်တော်ထင်တယ်၊ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲပါ၊ ပရိသတ်တွေအတွက်ရောပါ၊ ဒါကြောင့်လည်း ဒီပွဲကို အနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားအားထုတ်သွားမှာပါ" လို့ ထပ်မံပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ 

Share

က္က