ပြီးခဲ့တဲ့ တပတ်က ၂ပွဲသွားအားပေးခဲ့ရာမှာ သူမအားပေးတဲ့ ၂သင်းစလုံးအရေးနိမ့်ခဲ့ပါတယ်။

အမေရိကန် လူမှုကွန်ယက်ထင်ပေါ်ကျော်ကြားသူနဲ့ စီးပွားရေးလုပ်ငန်းရှင်၊ Reality TV ကြယ်ပွင့်တဦးဖြစ်တဲ့ ကင်ကာဒါရှီယန်ကတော့ ဘောလုံးအသင်းတွေ သတိထားရမယ့် သူအဖြစ်ရှိလာခဲ့ပါပြီ။ ကာဒါရှီယန်ဟာ ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ ဘောလုံးပွဲနှစ်ပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါနှစ်ပွဲစလုံးမှာ အိမ်ရှင်အသင်းတွေ ထူးထူးခြားခြားအရေးနိမ့်ခဲ့ပါတယ်။ 

သူမဟာ အာဆင်နယ်နဲ့ စပို့တင်းလစ္စဘွန်းတို့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို အမ်းမရိတ်စ်ကွင်းမှာ သွားရောက်အားပေးခဲ့တာပါ။ အဆိုပါပွဲမှာ အာဆင်နယ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ စပို့တင်းကို အရေးနိမ့်ခဲ့ပြီး ကာဒါရှီယန်အားပေးခဲ့တဲ့ အသင်းအရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုအရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက ဒါဟာ ကာဒါရှီယန်ရဲ့ ကျိန်စာသင့်တယ်လို့ ဟာသလုပ်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ 

မနေ့ညကတော့ သူမဟာ ပီအက်စ်ဂျီနဲ့ ရန်းနက်စ်တို့ရဲက လီဂူးပွဲကို သွားရောက်အားပေးခဲ့ရာမှာလည်း အိမ်ရှင်ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ရပါတယ်။ သူမက ဒီပွဲမှာ အိမ်ရှင်ပီအက်စ်ဂျီကို အားပေးခဲ့တာဖြစ်ပြီး မက်ဆီနဲ့ ဘတ်ပီတို့ ပါဝင်ခဲ့တဲ့ ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာ ဂိုးတောင်ပြန်မသွင်းနိုင်ခဲ့ဘဲ မရှုမလှအရေးနိမ့်ခဲ့ရပါတယ်။ 

သူမအားပေးတဲ့ အသင်းတွေ တိုက်ဆိုင်စွာပဲ အရေးနိမ့်ခဲ့တာပါ။ သူမဟာ နေမာရဲ့ ပီအက်စ်ဂျီဂျာစီကို ကိုင်ပြီး ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပိုထူးခြားတာကတော့ အဆိုပါအသင်းတွေဟာ ပြိုင်ဘက်ကိုအနိုင်ရမယ်လို့ အားလုံးက တွက်ဆထားတာဖြစ်ပြီး ထူးခြားတိုက်ဆိုင်စွာပဲ အရေးနိမ့်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က