ဂျာမနီကတော့ အာရှအသင်းတသင်း အလဲထိုးတာ ခံလိုက်ရပါတယ်။

ဂျာမနီနဲ့ ဂျပန်ပွဲကတော့ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပြီး အပြန်အလှန်ဂိုးကန်သွင်းခွင့်တွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။ သေချာပေါက် ဂိုးရနိုင်တဲ့အခွင့်အရေးတွေကို လွဲချော်ခဲ့ကြပြီး နှစ်ဖက်ဂိုးသမားလက်စွမ်းပြခဲ့လို့သာ ဂိုးတွေအများကြီးမမြင်ခဲ့ရတာပါ။ ပထမပိုင်းမှာ ဂန်ဒိုဂန်ရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဂျာမနီတို့ ပွဲကို အပြတ်ဖြတ်နိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ 

ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ ဂျာမနီက အသာစီးရခဲ့ပေမယ့် ဂျပန်ကတော့ သူတို့ရဲ့နာမည်က​ျော်ဆာမူရိုင်းစိတ်ဓာတ်အတိုင်း မဆုတ်မနစ်နဲ့ ကြိုးစားပြီး ဂျာမနီကို နောက်ဆုံးအချိန်ထိ ဒုက္ခပေးခဲ့ပါတယ်။ တဂိုးတည်းနဲ့ ငြိမ်နေတဲ့ ဂျာမနီတို့ မိနစ် ၇၀ ကျော်မှာ ရစ်စုဒိုအန်ရဲ့ ချေပဂိုးကြောင့် တပ်လှန့်ခံလိုက်ရပြီး ကစားသမားတွေပါ အလှည့်အပြောင်းပြုလုပ်ကာ အနိုင်ဂိုးရဖို့ အားကုန်ထုတ်ခဲ့ရပါတယ်။ 

မူစီယာလာ၊ ဂန်ဒိုဂန်တို့ရဲ့ အပိုင်အခွင့်အရေးတွေ၊ နာဘရီရဲ့ ဖ​ြုန်းတီးမှုတွေက ဂျာမနီအတွက် နှမျောစရာကောင်းလွန်းပါတယ်။ ဂျပန်ကလည်း ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အားထည့်ကစားရင်းနဲ့ ချေပဂိုးရအပြီးမှာ နောက်ထပ်ဦးဆောင်ဂိုးပါ ထပ်သွင်းနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၃ မိနစ်မှာ တာကူမာအဆာနိုက နူအာပိတ်ထားတဲ့ ထောင့်ကျဉ်းအနေအထားကနေ လှလှပပကန်သွင်းယူပြီး ဂျပန်ကို ပြန်ဦးဆောင်စေခဲ့ပါတယ်။ 


နာမည်ကြီးဂျာမနီတို့ အလဲထိုးခံလိုက်ရတာဖြစ်ပြီး ပေါ့တီးပေါ့ဆလုပ်ခဲ့တဲ့ ဒဏ်ကိုခံလိုက်ရတာပါ။ ဂျပန်ကွင်းဘက်ခြမ်းမှာရတဲ့ အလွတ်တည်ကန်ဘောကို ကန်တင်ပေးမှုကနေ အဆာနိုက ဆွဲပြေးယူပြီး အပိုင်ကန်သွင်းခဲ့တာပါ။ ၂၀၁၈ တုန်းကလည်း တောင်ကိုရီးယားကြောင့် အခက်တွေ့ခဲ့တဲ့ ဂျာမနီတို့ အခုလည်း နောက်ထပ်အာရှတသင်းဖြစ်တဲ့ ဂျပန်ကြောင့် အဖွင့်မလှဖြစ်ခဲ့ပြီး ရုန်းကန်ရဖို့ဖြစ်လာခဲ့ပါပြီ။ 


Share

Loading Next Article...
က္က