နေမာတယောက် ပြိုင်ဘက်ကို တွန်းထိုးခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာဟာ မနေ့ညက နိုက်စ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားကို သိသိသာသာ ရန်လုပ်ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက မက်ဆီ၊ နေမာတို့ ပါဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကို တဂိုးမှမသွင်းနိုင်ခဲ့ဘဲ ပွဲကစားချိန် (၈၈) မိနစ်မှာ ပြိုင်ဘက် ကစားသမား ဒီလော့တ်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ခွင့်ပြုလိုက်ရပါတယ်။



အနိုင်ဂိုးရရှိပြီးနောက် နိုက်စ်က အချိန်ဆွဲကစားဖို့ ကြိုးစားခဲ့ပြီး ထောင့်ကန်ဘောအလံတိုင်နားမှာ နိုက်စ်ကစားသမား ဂူအူရီက နေမာပြသနေကျ Rainbow Flick ကို ပြသသွားခဲ့ပါတယ်။ ဒီအပေါ်မှာ နေမာက ကျေနပ်ခြင်းမရှိဘဲ ပြိုင်ဘက်ကစားသမားကို တွန်းထိုးရန်တွေ့ခဲ့ပါတယ်။ ပွဲပြီးဆုံးဖို့ တော်တော်လေး နီးကပ်နေချိန်ဖြစ်ပြီး နာကျင်အချိန်ပိုမှာ ဒီလိုဖြစ်ခဲ့တာပါ။

စည်းကြပ်ဒိုင်ကတော့ နေမာနဲ့ ဂူအူရီတို့ နှစ်ယောက်ကြား အမြန်ကြားဝင်ပြီး ပြဿနာကို ပိုမိုမကြီးထွားလာအောင် ဖျန်ဖြေခဲ့ရပါတယ်။ နာမည်ကြီး ပီအက်စ်ဂျီရဲ့ ရှုံးပွဲအပြင် နေမာရဲ့ ဒီဖြစ်ရပ်ကလည်း ပရိသတ်တွေအကြား ပြောစရာဖြစ်ခဲ့ပါတယ်။

နေမာဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက်လုံး ဒီလိုအလှကွက်တွေ၊ ပြိုင်ဘက်အပေါ် လေးစားမှုမရှိတဲ့ ကစားပုံတွေကို မကြာခဏ ပြသလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတကြိမ် သူ ပြန်ခံရတဲ့အလှည့်မှာတော့ သည်းမခံနိုင်ဘဲ အခုလိုပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေက “နေမာက ဂူအူရီကို သွားပြီး တွန်းထိုးခဲ့ပါတယ်။ သူ ကစားသမားဘဝတလျှောက်လုံး ဒါမျိုးမလုပ်ခဲ့ဖူးဘူးလေ (အရွဲ့တိုက်ရေးသားခြင်းဖြစ်)” “နေမာက သူတချိန်လုံးလုပ်ပြနေတဲ့ ကျွမ်းကျင်မှုက နောက်တယောက်က အတိအကျ လိုက်လုပ်လို့ ဒေါကန်နေတာလား”

“နေမာက ဒါမျိုးကို အပတ်စဥ်အပတ်တိုင်း လုပ်ပြနေတာပါ။ ဒီတော့ စောဒကမတက်ပါနဲ့” “နေမာကို အခြားတယောက်က ဒါမျိုးလုပ်တာမြင်ရတာ သိပ်ကောင်းတယ်၊ ဒီကောင် ပြင်သစ်ကို စစရောက်ချင်းတုန်းက ကျန်တဲ့ ကစားသမားတွေကို လေးစားမှုမရှိခဲ့ဘူး” လို့ အသီးသီး ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က