ကျွန်တော်သူ့ကို ဖမ်းလိုက်ခဲ့မိပါတယ်၊

ပထမပိုင်းမှာ ဘတ်ရှုဝါရီကို ခြေထောက်နဲ့ ကန်ကျောက်မယ့်ဟန်ပြုလုပ်ခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်က လစ်လျူရှုခဲ့တာပါ။

Image result for maguire



ပထမပိုင်းမှာ ဘတ်ရှုဝါရီကို ကန်ကျောက်ခဲ့မိတာနဲ့ ပတ်သက်ပြီး မရည်ရွယ်ခဲ့ဘူးလို့ မက်ဂွဲယားက ၂-၀ နဲ့ နိုင်တဲ့ ပွဲအပြီးမှာ ပြောလာခဲ့ပါတယ်။

မက်ဂွဲယားအနေနဲ့ ဒုတိယပိုင်းမှာတော့ ကစားသမားသစ် ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘော ဖြတ်တင်ပေးပို့မှုကတ ဆင့် ဒုတိယ‌‌မြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက မက်ဂွဲယားရဲ့ လုပ်ရပ်အပေါ် လစ်လျူရှုခဲ့ပြီး မည်သည့် ပြစ်ဒဏ်မှ မပေးခဲ့ တဲ့အပေါ် ချဲလ်ဆီး နည်းပြ လမ်းပတ်က ဒေါသထွက်ပေါက်ကွဲနေပါတယ်။

Image result for maguire

“ကျွန်တော်သူ့ကို ဖမ်းလိုက်ခဲ့မိပါတယ်၊အကြောင်းကတော့ သူ ကျွန်တော့်အပေါ် လဲကျမှာ စိုးလို့ပါ။သဘာဝအရ ကျွန်တော့်ခြေထောက်က တုံ့ပြန်ခဲ့မိတာပါ။ဒါက သူလဲကျခဲ့ရင် သူ့ကို ထိန်းပေးစေချင်လို့ပါ။”လို့ မက်ဂွဲယားက Sky Sports သတင်းဌာနကို ပြောလာပါတယ်။

မက်ဂွဲယားအနေနဲ့ အဆိုပါ အပြုအမူနဲ့ ပတ်သက်ပြီး ထုတ်ပယ်ခံရသင့်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က မှတ်ချက်ပေးခဲ့ပြီး အမှန်တကယ်သာ ထွက်ရမယ်ဆိုရင် ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။

“အခုလို ပြစ်ဒဏ်မချမှတ်ခံရတာက ပွဲကို နိုင်ပွဲရစေခဲ့တယ်လို့ ဆိုရမှာပါ။ဒါပေမယ့် ဒီဖြစ်ရပ်ကလည်း ရည်ရွယ် တာတော့မဟုတ်ခဲ့ပါဘူး။ဘတ်ရှုဝါရီကိုလည်း တောင်းပန်ပါတယ်။”လို့ မက်ဂွဲယားက ဆက်လက်ပြောပါတယ်။

မထွက်ဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးဆက်လက်သွင်းပြီး အိမ်ရှင် ချဲလ်ဆီးကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ယူလိုက်နိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က