နမီးဘီးယားမှာ မော်ရင်ဟိုက လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခြားသော နာမည်ကျော်ကစားသမားတွေ၊ နည်းပြတွေက အားလပ်ရက်အဖြစ်နဲ့ နာမည်ကျော်ဒေသတွေကို သွားရောက်ပြီး အပန်းဖြေနေချိန်မှာ ရိုးမားနည်းပြမော်ရင်ဟိုကတော့ နမီးဘီးယားနိုင်ငံကို ရောက်ရှိနေခဲ့ပါတယ်။ သတင်းရင်းမြစ်တွေအရ မော်ရင်ဟိုဟာ နမီးဘီးယားကို လွန်ခဲ့တဲ့ ၆ ရက်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

(ယခုဓာတ်ပုံများမှာ ပုံဟောင်းများကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်။)


အာဖရိကတောင်ပိုင်းက လူဦးရေ ၂ သန်းကျော်သာရှိတဲ့ နိုင်ငံလေးကို မော်ရင်ဟိုက အံ့အားသင့်ဖွယ်ရာ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုသွားရောက်ခဲ့ပြီးနောက် မော်ရင်ဟိုက ဆင်းရဲနွမ်းပါးသူတွေကို စားစရာ၊ အဝတ်အစားအသုံးဆောင်တွေကို လှူဒါန်းပေးခဲ့ပြီး ဓာတ်ပုံတွေထဲမှာတော့ ရေချိုင့်၊ အဝတ်အစားတွေပေးအပ်နေပြီး အစားအသောက်တွေ ကျွေးမွေးခဲ့တယ်လို့ နမီးဘီးယားသတင်းရင်းမြစ်တွေက ဆိုပါတယ်။

(ယခုဓာတ်ပုံများမှာ ပုံဟောင်းများကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်။)


"စပါယ်ရှယ်ဝမ်း" လို့ နာမည်ရထားတဲ့ မော်ရင်ဟိုက ရိုးမားနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားရယူအပြီးမှာ ကမ်းခြေတခုခုမှာ အနားယူမယ်လို့ ဆိုခဲ့ပေမယ့် နမီးဘီးယားကို အရင်သွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။ မော်ရင်ဟို ရောက်ရှိလာတဲ့အပေါ်မှာ နမီးဘီးယားနိုင်ငံသားတွေက အံ့အားသင့်နေတယ်လို့ သိရပြီး ဂုဏ်ယူမိတယ်လို့ ပြောဆိုခဲ့ကြောင်း Namibian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုဟာ အခြားသူတွေနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းနဲ့ လုပ်ရပ်တွေ အမြဲတစေလုပ်လေ့ရှိသူဖြစ်ပါတယ်။ သူ့ရဲ့ စကားလုံးပြောင်ပြောင်မြောက်မြောက်နဲ့ ပြောဆိုတတ်မှုတွေ၊ တုံ့ပြန်တတ်မှုတွေကြောင့်လည်း လူသိများထင်ရှားပြီး သူ့ရဲ့နည်းပြဘ၀အောင်မြင်မှုမှတ်တမ်းတွေကြောင့်လည်း အထင်ကြီးလေးစားမှုတွေကို ရယူထားနိုင်သူဖြစ်ပါတယ်။ 

Share

က္က