အလန်ရှီးယားက ဟယ်ရီကိန်းကို နောက်ပြောင်ခဲ့တာပါ။

ပရီးမီးယားလိဂ်ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားက သူ့ရဲ့ ဂိုးသွင်းစံချိန်ကို ဟယ်ရီကိန်းမကျော်သွားအောင်လို့ ဘိုင်ယန်မြူးနစ်ထံ ကားမောင်းပို့ပေးချင်ကြောင်း နောက်ပြောင်လိုက်ပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။



ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နဲ့ စတင် ကမ်းလှမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုကို စပါးဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းအတွက် ဒုတိယအကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိဖို့ မခက်ခဲဘဲ ပြောင်းရွှေ့ကြေး ပေါင် (၈၆) သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း စပါးဘက်ကတော့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၉၀) နဲ့ သန်း (၁၀၀) အထိ အလိုရှိနေပါတယ်။

ဒီလိုမျိုး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အလန်ရှီးယားက “တကယ်လို့ ဟယ်ရီကိန်းသာ ဘိုင်ယန်မြူးနစ်ကို သွားချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သူ့ကားကို မောင်းပြီး လိုက်ပို့မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး (၂၆၀) ဆိုတဲ့ စံချိန်ကို ကာကွယ်ဖို့အတွက်ပါ။ အဲ့ဒီအတွက် ကျွန်တော် ဘာမဆို လုပ်ပါလိမ့်မယ်” လို့ နောက်ပြောင် ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ စပါးတို့ အခြေမလှသည့်တိုင် အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းကို ပြသနေပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ သူ့အနေနဲ့ စပါးလိုအသင်းမှာ ကစားပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၃၀) ကို တစ်ရာသီအတွင်း ရယူနိုင်တာက ချီးကျူးစရာကိစ္စဖြစ်ကြောင်းလည်း ပရိသတ်တွေက အသိအမှတ်ပြုထားကြပါတယ်။ 

Share

Loading Next Article...
က္က