ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၅ ဂိုးသာ ကွာဟတော့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ရော်နယ်ဒိုထွက်ခွာရတဲ့အကြောင်းရင်းဟာ ချန်ပီယံလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ မက်ဆီက သူ့ကိုကျော်တက်သွားမှာကို ကြောက်ရွံ့နေတာကြောင့်ဖြစ်တယ်လို့ ချယ်လ်ဆီးနဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်းတိုနီကက်စ်ကာရီနိုက ပြောဆိုလိုက်ပါတယ်။ ယူနိက်တက်တော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးထားတဲ့အသင်းလည်းဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပေါင်း ၁၄၀ အထိ သွင်းယူထားကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာ မက်ဆီက ၁၂၅ ဂိုးနဲ့ ကပ်လိုက်နေပြီး နှစ်ဦးကြားမှာ သွင်းဂိုး ၁၅ ဂိုးသာ ကွာဟနေတာဖြစ်ပါတယ်။ အဆိုပါပမာဏဟာ မက်ဆီသာ ခြေစွမ်းပြခဲ့မယ်ဆိုရင် ဂိုးကွာဟချက်ကို အနည်းဆုံးအနေအထားအထိ လျှော့ချနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုက ယူနိုက်တက်နဲ့အတူ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ကစားခွင့်မရလို့ သူ့ရဲ့သွင်းဂိုးနှုန်းက ဒီအတိုင်းသာရှိနေမှာဖြစ်ပါတယ်။ မက်ဆီကတော့ ပီအက်စ်ဂျီအတွက် ကစားပေးရမှာဖြစ်ကာ သူသွင်းရင် သွင်းနိုင်သမျှက ရော်နယ်ဒိုကိုလိုက်မီဖို့အတွက်ဖြစ်လာမှာဖြစ်ပြီး ဒီလိုအနေအထားမျိုးဖြစ်လာမှာကို ရော်နယ်ဒိုက ထိတ်လန့်ကြောက်ရွံ့နေတယ်လို့ ကက်စ်ကာရီနိုက ယူဆနေတာဖြစ်ပါတယ်။ 

talkSPORT ကတဆင့် သူက ပြောဆိုခဲ့ရာမှာတော့ "ရော်နယ်ဒိုက အမြဲတမ်းလိုလိုအတ္တကြီးတဲ့ ကစားသမားပါ၊ သူ့အကြောင်းတွေ အများကြိးရှိပေမယ့် သူ ကစားတဲ့အသင်းတွေက အောင်မြင်နေတာဆိုတော့ အသင်းကစားသမားတယောက်အနေနဲ့ သူက အမြဲတမ်းပါနေမှာပဲ၊ သူ ဂိုးတွေအများကြီးသွင်းနိုင်လို့ ချီးကျူးပါတယ်၊ သူက ဘောလုံးရဲက အကြီးကျယ်အခမ်းအနားဆုံးကစားသမားတယောက်ပါ"

"အနိုင်ရနေသရွေ့တော့ ဒါတွေအကုန်ရနိုင်ပါတယ်၊ အခု အနိုင်မရတဲ့အချိန်ဆိုရင်တော့ ပြသနာရှိနေပါပြီ၊ ချန်ပီယံလိဂ်မှာ သူက ထာ၀ရဂိုးသွင်းအများဆုံးကစားသမားဖြစ်ချင်နေတာ၊ အဲဒီတော့ ပြိုင်ပွဲမှာ မကစားရတာမျိုးကို သူမလိုချင်ဘူး" လို့ ဆိုပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုကို ယူနိုက်တက်က မရောင်းချဘူးလို့ တုံ့ပြန်ထားပြီး ကစားသမားကတော့ အသင်းသစ်ပြောင်းဖို့ကို တာစူနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က