လက်စတာနဲ့ပွဲ ပထမပိုင်းအပြီးမှာ ပြောဆိုခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။

ဂျရတ်ဟာ ဘရိုက်တန်၊ ပဲလေ့စ်နဲ့ လက်စတာတို့ကို အနိုင်ယူထားခဲ့ပြီးဖြစ်ကာ မန်စီးတီးကို ၁-၂ နဲ့ ကပ်အရေးနိမ့်ထားခဲ့ပါတယ်။ 


ဆရာဟောင်းဘရန်ဒန်ရော်ဂျာရဲ့ လက်စတာနဲ့ မနေ့ကကစားခဲ့တဲ့ပွဲမှာ ဂျရတ်က ဗီလာအတွက် နိုင်ပွဲယူပေးခဲ့ပြီး ၄ ပွဲကိုင်တွယ်ပေးပြီးချိန်မှာ ၃ ပွဲအထိအနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်စတာက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဗီလာက ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်သွင်းယူခဲ့ကာ သူတို့အသင်းရဲ့ ခြေစွမ်းမြင့်တက်လာမှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 

ဒီပွဲရဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းမှာတော့ ဂျရတ်က ဗီလာကစားသမားတွေကို တော်တော်လေးစကားပြောဆိုခဲ့တယ်လို့ သိရပြီး ဒေါသလည်းထွက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားသမားတွေဟာ ခြေစွမ်းပိုမိုကောင်းမွန်လာခဲ့ပြိး ကွန်ဆာက အသင်းအတွက်အနိုင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် အမှတ်ပေးဇယားအောက်ခြေပိုင်းက ဇယားအလယ်အထက်ပိုင်းအထိ ဗီလာက တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ဂျရတ်က "ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပေမယ့် ဒီတုံ့ပြန်မှုရဖို့အတွက် ပထမပိုင်းနားချိန်မှာ သူတို့နဲ့ စကားပြောခဲ့ရပါတယ်၊ ကျွန်တော်တို့က စိတ်အားထက်သန်မှုနည်းပါးနေတယ်လို့ ခံစားရလို့လည်း အားလုံးဆီက ဒီထက်မကပိုတောင်းဆိုခဲ့ရပါတယ်၊ ခက်ထန်တဲ့အသင်းတသင်းနဲ့ရင်ဆိုင်ရချိန်မှာ ဒါက ကျွန်တော်တို့အတွက် အနိမ့်ဆုံးလိုအပ်ချက်ပါ၊ တကယ်ကို ပြင်းပြင်းထန်ထန်ကစားဖို့ပါ"

"ရလဒ်ပိုင်းအတွက် ပျော်ရွှင်မိပေမယ့်လည်း တိုးတက်မှုတွေလိုနေပါသေးတယ်၊ ကျွန်တော်တို့ ဘယ်လိုကစားချင်လဲဆိုတာကို နားလည်ဖို့ လေ့ကျင့်ကွင်းမှာ အလုပ်တွေပိုလုပ်ရပါဦးမယ်၊ ပထမပိုင်းအပြီးမှာသာ သူတို့ကိုမတွန်းပေးခဲ့ဘူးဆိုရင် ဒီရလဒ်ထွကလာမှာမဟုတ်ပါဘူး၊ ပထမဆုံး လေးပွဲမှာ သုံးပွဲအနိုင်ရအောင်ကစားနိုင်ခဲ့ပြီး မန်စီးတီးကိုတော့ အရေးနိမ့်ခဲ့ရပါတယ်၊ ကျွန်တော့်ကစားသမားတွေက အသိအမှတ်ပြုခံရဖို့ အများကြီးထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 


ဗီလာကတော့ လာမယ့်ပွဲအဖြစ် ဂျရတ်ရဲ့ အသင်းဟောင်းလီဗာပူးလ်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဂျရတ်ဟာ ဘရိုက်တန်၊ ပဲလေ့စ်နဲ့ လက်စတာတို့ကို အနိုင်ယူထားခဲ့ပြီးဖြစ်ကာ မန်စီးတီးကို ၁-၂ နဲ့ ကပ်အရေးနိမ့်ထားခဲ့ပါတယ်။ 

Share

က္က