ပီယာလိုရဲ့ အသင်းသားဟောင်းက ဖွင့်ချခဲ့တာပါ။

အီတလီဂန္တဝင်ကစားသမားဟောင်းကြီး ပီယာလိုဟာ လက်ရှိအချိန်မှာတော့ နည်းပြဘဝကို စတင်ဖြတ်သန်းနေပြီဖြစ်ပါတယ်။​​​ ဒီကစားသမားကြီးဟာ တူရကီကလပ် ကာရာဂမ်ရက်မှာလည်း နည်းပြခဲ့ဖူးပြီး အဆိုပါအသင်းက တပည့်ဟောင်းက အခုလိုမျိုးပဲ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။



ကာဇင်ရစ်ချက်စ်ဟာ တူရကီကလပ်ရဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပီယာလိုရဲ့လက်အောက်မှာ ကစားခဲ့တာပါ။ လက်ရှိမှာတော့ ပီယာလိုက စီးရီးဘီကလပ် ဆမ်ဒိုရီးယားကို ကိုင်တွယ်နည်းပြလျက်ရှိပါတယ်။
ပီယာလိုက ကစားသမားတွေကို အလိုလိုက်ခဲ့ပုံနဲ့ ပတ်သက်လို့ ရစ်ချက်စ်က “ကျွန်တော်တို့အသင်းမှာ ဆေးလိပ်သောက်တဲ့ အီတလီသားတွေ အများကြီးပါပဲ။ တူရကီမှာတော့ ခင်ဗျား ဆေးလိပ်သောက်လို့ရပါတယ်။ နည်းပြက ဘယ်သူလဲဆိုတာကိုပဲ ကြည့်ရမှာပါ။ ဒါပေမယ့် မနှစ်ကတော့ ပီယာလိုက ကစားသမားတွေကို ဆေးလိပ်သောက်ခွင့်ပြုခဲ့ပါတယ်”
“သူတို့ကလည်း မနားတမ်းကို ဆေးလိပ်သောက်ခဲ့ကြပြီး ပွဲမတိုင်ခင်မှာရော၊ ပထမပိုင်းအပြီးမှာပါ ဆေးလိပ်သောက်ခွင့်ပြုခဲ့တာပါ။ ပီယာလိုက စကားပြောနေတယ်၊ ကစားသမားတွေက အဲ့ဒီနေရာမှာပဲ အေးဆေးထိုင်ပြီး ဆေးလိပ်သောက်နေကြပါတယ်။ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ ထုံးတမ်းတစ်ခုပါပဲ”
“ခင်ဗျားတို့ ကျွန်တော်ပြောတာကို နားလည်မှာပါ။ ဒါက ရှော့ခ်ရစရာ မဟုတ်ပေမယ့် တကယ်ကို တရားဝင်ကိစ္စတစ်ရပ်လိုမျိး ခွင့်ပြုခံခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၃) ခုနှစ်အထိ ဘောလုံးကွင်းတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ခဲ့ပေမယ့် နိုင်ငံရဲ့ အစဉ်အလာတစ်ခုလိုဖြစ်နေတဲ့ ဒါကို အခုချိန်အထိ ထိန်းချုပ်ရခက်ခဲနေဆဲဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က