ရှင်းကျန့်အခြေစိုက် အီလက်ထရွန်းနစ်လုပ်ငန်း Senbono ကနေ ကမ္ဘာ့ဈေးကွက်ထဲ တန်ဖိုးနည်းစမတ်နာရီသစ်တစ်လုံး မိတ်ဆက်လိုက်ပါတယ်။
Senbono Smartwatch နာရီဟာ ဝတ်ဆင်သူရဲ့ သွေးဖိအားကို တိုင်းတာနိုင်တဲ့စနစ် နဲ့ နှလုံးခုန်နှုန်းစောင့်ကြည့်နည်းပညာတို့ ပါဝင်ပါတယ်။ ဒီနာရီဟာ လေးထောင့်စပ်စပ် ၁.၈၃ လက်မ (၄၆ မီလီမီတာအိုး) နဲ့ လာပြီး ရုပ်ထွက် 240x284px ပါရှိပါတယ်။ ဒီစမတ်နာရီဟာ Android 8 နဲ့ iOS 8.0 နဲ့ နောက်ထွက်စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်တာကိုတော့ Bluetooth 5.0 ကနေတစ်ဆင့် လုပ်ဆောင်ပါတယ်။
Photo: Notebook Check
Senbono စမတ်နာရီမှာ နှလုံးခုန်တိုင်းစနစ် ၊ သွေးဖိအားတိုင်းတာရေး နဲ့ သွေးတွင်းအောက်ဆီဂျင်စောင့်ကြည့်နည်းပညာတို့ ပါဝင်ပါတယ်။ အားကစားနဲ့ ခြေလှမ်းတွေ တွက်ချက်တဲ့ စနစ်တွေလည်း ပါဝင်ပြီး အိပ်စက်မှု ခြေရာခံခြင်း နဲ့ Workout လုပ်ဆောင်ချက်တွေကိုလည်း Tracking လုပ်နိုင်မှာပါ။ ဒါ့အပြင် ရာသီဥတုခန့်မှန်းတွက်ချက်မှုတွေ ၊ နှိုးစက် ၊ အထိုင်များချိန် သတိပေးချက် နဲ့ ဖုန်းပျောက်ရှာဖွေတဲ့ Features တွေလည်း ပါဝင်ပါတယ်။
IP68 Rating ပါဝင်တာ ဖြစ်လို့ တော်ရုံ မိုးရေနဲ့ ရေစက်တွေဒဏ်ကနေ ခံနိုင်ရည်ရှိမှာပါ။ Senbono Smartwatch ကို ရွှေရောင် ၊ အပြာရောင် နဲ့ အနက်ရောင်အိုးတွေနဲ့ လာပြီး ဆီလီကွန်ကြိုး နဲ့ သတ္ထုကြိုးဆိုပြီး အမျိုးမျိုး လာပါတယ်။ နာရီဝိတ် ၃၅ ဂရမ် ရှိပြီး တစ်ပတ်အထိ အားခံတဲ့ 240mAh ဘက်ထရီတစ်ခု ပါရှိပါတယ်။ Senbono စမတ်နာရီကို လောလောဆယ် ၁၉.၉၉ ဒေါ်လာ (မြန်မာငွေ ၅ သောင်းကျော်) ဈေးနဲ့ ရောင်းချထားပါတယ်။
အမေရိကန်ဈေးကွက်ထဲ လာမယ့် နိုဝင်ဘာလဆန်းကစပြီး ဝင်ရောက်ဖို့ ရှိပါတယ်။ နောက်ပိုင်းမှာ လက်လီဈေး ၄၉.၉၈ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။