ရော်နယ်ဒိုက မနေ့ညကလည်း တစ်ဂိုးသွင်းနိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်အွတ်ဟွတ်နဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အယ်လ်နာဆာက ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ဒီရာသီမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်က (၃၃) ဂိုးအထိ ရှိလာခဲ့ပြီး သွင်းဂိုး (၉၀၀) ပြည့်မြောက်ဖို့အတွက်လည်း (၆) ဂိုးသာ လိုအပ်ပါတော့တယ်။ အယ်လ်နာဆာတို့ မိနစ် (၉၀) မှာ အနိုင်ဂိုးရသွားတော့လည်း ရော်န​ယ်ဒိုရဲ့ အားထုတ်မှုနဲ့ မကင်းခဲ့ပါဘူး။

တောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့ပြီး အဲ့ဒီဘောလုံးက ဂိုးဘားတန်းထိထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီဘောလုံးကို အသင်းဖော် ဘရိုဇိုဗစ်က ကန်သွင်းခဲ့ပြီး အယ်လ်နာဆာအတွက် အနိုင်ဂိုးရရှိခဲ့တာပါ။


လက်ရှိအချိန်မှာ အယ်လ်နာဆာတို့ ရာသီကုန်ဖို့အတွက် ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲအပါအဝင် စုစုပေါင်း​ (၄) ပွဲတည်း ကျန်ပါတော့တယ်။ ရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကလည်း (၈၉၄) ဂိုးအထိ ရှိလာခဲ့ပြီး သွင်းဂိုး (၉၀၀) အိပ်မက်အတွက် (၆) ဂိုးပဲ လိုအပ်တော့တဲ့အထိ နီးစပ်လာခဲ့တာပါ။

လက်ကျန် (၄) ပွဲမှာ ရော်နယ်ဒိုအတွက် ဒီသွင်းဂိုးအရေအတွက်ကို ရရှိသွားဖို့ကလည်း သိပ်မခက်ပါဘူး။ ရော်နယ်ဒိုတစ်ယောက် သူ ပြောထားသလိုမျိုး ဒီရာသီမှာပဲ သွင်းဂိုး (၉၀၀) ပြည့်မြောက်အောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က