လိဂ်ဂိုး ၄ ဂိုးသာ ရရှိသေးတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၃ ပွဲကစားအပြီး ၁ ဂိုးသာရရှိခဲ့တဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကတော့ နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၃ ပွဲမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ အံ့အားသင့်ဖွယ်ဂိုးမိုးခေါင်နေတဲ့ အင်္ဂလန်တိုက်စစ်မှူးကို ပုံမှန်ခြေစွမ်းနဲ့ ပြန်လည်မြင်တွေ့လာရတာဖြစ်ပြီး အန်တိုနီယိုကွန်တီလက်အောက်မှာ အသစ်တဖန်ပြန်လည်မွေးဖွားလာခဲ့တာလို့ ဆိုရတော့မှာပါပဲ။ 

မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဟယ်ရီကိန်းက ပင်နယ်တီကတဆင့် အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တာပါ။ ဒီဂိုးသွင်းယူပြီးနောက် ဒုတိယပိုင်းမှာ ဟယ်ရီဝင့်ခ်ရဲ့ လှပတဲ့ ဖြတ်တင်ပေးပို့မှုကနေ ကိန်းက အနိုင်ဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးချိန်မှာ လူကျွံနေတယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့လို့ ကိန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

အနှေးပြကွက်တွေအရ ကြည့်မယဆ်ိုရင် ဟယ်ရီကိန်းဟာ လူကျွံနေခဲ့ခြင်းမရှိဘဲ ဆောက်သမ်တန်ကစားသမားရဲ့ ခြေထောက်နဲ့ လက်မအနည်းငယ်လောက် နောက်ကိုရောက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ VAR က နောက်ထပ်တကြိမ် ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြန်ပြီလို့ ပရိသတ်တွေက ဝေဖန်နေကြပြီဖြစ်ကာ စပါးနည်းပြကွန်တီကလည်း သူ့ကစားသမားဟာ ၂ ဂိုးသွင်းယူခဲ့တယ်လို့ သူ ယုံကြည်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

"ဟယ်ရီက ၂ ဂိုးသွင်းခဲ့တယ်လို့ ကျနော်ထင်ပါတယ်၊ တဂိုးက ပင်နယ်တီ၊ ပြီးတော့ ဒုတိယမြောက်ဂိုးပေါ့၊ ကွင်းလယ်ဒိုင် ဒါမှမဟုတ် VAR ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော် ဘာမှမပြောလိုပါဘူး၊ ဒီလိုမမှန်ကန်တဲ့အခြေအနေမှာ ကျနော်ဘာမှမဖြစ်ချင်ဘူး၊ ဒိုင်တွေကလ်း အကောင်းဆုံးကြိုးစားနေတာဖြစ်ပြီး အကောင်းဆုံးဆုံးဖြတ်ချက်တွေကို အချိန်တိုင်းမှာ ချမှတ်မယ်လို့လည်း ထင်ပါတယ်" လို့သာ ကွန်တီက ပြောဆိုခဲ့ပါတယ်။ 


ကိန်းကတော့ ဒီရာသီမှာ လိဂ်ဂိုး ၄ ဂိုးရရှိထားပြီး စပါးကစားသမားဘ၀ သွင်းဂိုးအနည်းဆုံးဘောလုံးရာသီဖြစ်လာဖို့တော့ ရှိနေပါတယ်။ 

Share

က္က