ဆာလာကတော့ သွင်းဂိုးတစ်ဂိုးတည်းနြ့ စံချိန်အများကြီးရခဲ့တာပါ။

အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အန်ဖီးလ်ကလပ်အတွက် သွင်းဂိုး ၁၀၀ ကို အမြန်ဆုံးပြည့်အောင် သွင်းယူနိုင်သူဖြစ်လာခဲ့တာဖြစ်ပါတယ်။ 


ဘရန်ဖို့ဒ်နဲ့ တဖက်သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့နောက် မိုဟာမက်ဆာလာဟာ ကလပ်အသင်းသမိုင်းမှာ စံချိန်မှတ်တမ်းသစ်တစ်ခုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အန်ဖီးလ်ကလပ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ကို အမြန်ဆုံးပြည့်အောင် သွင်းယူနိုင်သူဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

ရိုးမားကနေ ၂၀၁၇ မှာ ပြောင်းရွှေ့ခဲ့တဲ့ဆာလာဟာ ၄နှစ်တာကာအတွင်းမှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးလ်အတွက် စုစုပေါင်း ၁၅၁ ပွဲကစားပေးပြီးချိန်မှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားစာရငး်မှာလည်း ထိပ်ဆုံး ၁၀ ဦးစာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ပြီလို့ NBC က ဖော်ပြခဲ့ပါတယ်။ 

ပွဲကစားချိန် ၅၄ မိနစ်မှာ ဆာလာက သွင်းယူခဲ့တာဖြစ်ပြီး ဘယ်လီဗာပူးလ်ကစားသမားထက်မဆို ပွဲအရေအတွက်နည်းပါးစွာကစားပြီး သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ကိုတော့ ဂန္ထဝင်ကစားသမားဟောင်း ရော်ဂျာဟန့်က အရင်ရယူထားခဲ့ပြီး ၁၅၂ ပွဲကစားကာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြိး အီရန်ရှက်စ်က ၁၆၈ ပွဲကစားပြီး ဒုတိယနေရာမှာရှိနေခဲ့ကာ ဆာလာက ရော်ဂျာဟန့်ကို တစ်ပွဲအသာစီးရယူခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အတွက် သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ လီဗာပူးလ်ကစားသမားက လေးဦးတည်းသာရှိခဲ့ရာမှာ ဆာလာက တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။ ကျန်ကစားသမားတွေကတော့ မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာနဲ့ စတီဗင်ဂျရတ်တို့ဖြစ်ပါတယ်။ ဒီထက်ထူးခြားတာကတော့ နည်းပြတစ်ဦးတည်းလက်အောက်မှာသွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ကစားသမား ၆ ဦးတည်းသာရှိခဲ့ရာမှာ ဆာလာက ကလော့ပ်လက်အောက်မှာကစားပြီး ရရှိခဲ့ကာ ရွန်နီ၊ ဂစ်၊ စခိုးတို့က ဖာဂူဆန်၊ အွန်နရီက ဝင်းဂါးလက်အောက်မှာ ရယူနိုင်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က