တန်းဆင်းဇုန်က ရုန်းထွက်ဖို့ အရေးပါတဲ့ ၂ မှတ် ဆုံးရှုံးခဲ့တာပါ။

အမ်းမရိတ်စ်မှာ အာဆင်နယ်ကို ၃-၁ နဲ့ ဦးဆောင်ခဲ့ကာ နိုင်ပွဲရခါနိးမှ ချေပဂိုးတွေ ပြန်ပေးရပြီး သရေကျခဲ့တဲ့အပေါ် ဆောက်သမ်တန်အသင်းခေါင်းဆာင် ဂျိမ်းစ်ဝါ့ပရောက်စ်က မက​ျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ ပွဲအစ ၁၅ မိနစ်ကတည်းက ၂ ဂိုးပြတ်နဲ့ ဦးဆာင်နိုင်ခဲ့ပြီး ချေပဂိုးတဂိုးပြန်ပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ နောက်တဂိုးထပ်သွင်းခဲ့ကာ ပွဲပြီးခါနီးမှ ၂ ဂိုးဆက်တိုက် ပြန်ပေးလိုက်ရတာလည်းဖြစ်ပါတယ်။ 

တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ ရမှတ်တိုင်းက အရေးကြီးနေချိန်မှာ ချေပဂိုးတွေ ပြန်ပေးပြီး ၂ မှတ်ဆုံးရှုံးခဲ့ရတာကို ဝါ့ဒ်ပရောက်စ်က ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ဟာ တန်းမဆင်းရဖို့အတွက် လက်ကျန်ပွဲတွေကို အသားကုန်ကစားရဦးမှာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူကတော့ စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ Sky Sprots က တဆင့် ပြောဆိုသွားခဲ့ပါတယ်။ 

"ပွဲကောင်းတပွဲကို ကစားနိုင်ခဲ့ပြီး အံ့မခန်းနိုင်တဲ့ အငွေ့အသက်တွေရှိခဲ့ပါတယ်၊ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်တွေလည်း ရှိခဲ့ပါတယ်၊ ကျနော်တို့ အခွင့်အရေးတွေ ကောင်းကောင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ သူတို့ပြန်လာနိုင်မယ်ဆိုတာကို သိခဲ့ပါတယ်၊ ဒီကနေ ရမှတ်တမှတ်ရခဲ့တာ ကောင်းမွန်ခဲ့ပေမယ့် အမှတ်ပြည့်မရခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်"

"တကယ်ကို စိတ်ပျက်စရာပါ၊ ဒါပေမယ့် ဒီပွဲကနေ ကျနော်တို့ ခွန်အားတွေရယူနိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်အထိ အချိန်ပိုပေးခဲ့တာကတော့ အံ့အားသင့်စရာပါပဲ၊ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်၊ အသင်းကောင်းတွေနဲ့ ယှဉ်ရင် အမှတ်ကောင်းတွေ ကျနော်တို့ ရနေခဲ့ပြီး နောက်ပွဲတွေမှာလည်း ဒီလိုမျိုးလုပ်နိုင်ဖို့ လိုအပ်ပါတယ်၊ ကျနော်တို့ကစားရမယ့် ပွဲတွေရှိနေပါသေးတယ်၊ ယုံကြည်မှုဆက်ရှိရပါမယ်" လို့ ဝါ့ဒ်ပရောက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 

ဆောက်သမ်တန်ကတော့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၂၀မှာ ရှိနေပြီး တန်းဆင်းဇုန်အထက်က အဲဗာတန်နဲ့ ၃ မှတ်ကွာဟနေပါသေးတယ်။ ညကပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၁၈ နေရာအထိ ပြန်တက်နိုင်ခဲ့မှာဖြစ်ပြီး ဒီလိုမဖြစ်လာလို့ ဝါ့ဒ်ပရောက်စ်က ဒေါသထွက်စိတ်ပျက်နေခဲ့တာပါ။ 


Share

Loading Next Article...
က္က